Monday, August 31, 2020

ငါးသိုင်းချောင်းမြို့ ဧည့်ရိပ်သာတစ်ခုအား အသွားအလာကန့်သတ်

ငါးသိုင်းချောင်းမြို့ ၊ ရှေ့ဆောင်ရပ်ကွက် ၊ သီရိရတနာလမ်းက သီရိရတနာ ဧည့်ရိပ်သာကို အသွား အလာကန့် သတ်ထားတယ်လို့ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ က ပြောပါတယ်။ အဲဒီ ဧည်ရိပ်သာကို သြဂုတ်လ (၂၉) ရက် ညနေပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်က ဧည်သည်နှစ်ဦး လာရောက်တည်းခိုတယ်လို့ သိရှိရတာကြောင့် ဩဂုတ်လ(၃၀)ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်အဝေးမှာ အသွားအလာ ကန့်သတ်ထားဖို့ ဆုံးဖြတ်ချက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ ဆုံးဖြတ်တာကြောင့် သီရိရတနာဧည့်ရိပ်သာကို ဩဂုတ်လ (၃၀) ကနေ့ စက်တင်ဘာ (၂၇ ) အထိ ခေတ္တယာယီ ပိတ်ထားရမှာ ဖြစ်ပြီး ဧည်ရိပ်သာ ပိုင်ရှင် နဲ့ မိသားစု၀င်တွေ၊ ၀န်ထမ်းတွေကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့ ငါးသိုင်းချောင်းနည် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်ဇင်ဌေး ပြောပါတယ်။ ဩဂုတ်လ (၂၈) ရက် က ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ အတည်ပြုလူနာ အမှတ် (၄၁၃) ကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment