Saturday, August 29, 2020

ပြည်မြို့တွင် ယနေ့ ညနေ ၅နာရီကျော်အချိန်ကရွှေဆိုင်တစ်ဆိုင်ဝင်၍ ခဲကျည်ထည့်ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေကူရပ်ကွက်ရှိ မေသရဖူရွှေဆိုင်ကိုဝင်၍ ယနေ့ ညနေ ၅နာရီကျော်အချိန်က ခဲကျည်ထည့် ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး သန်းဇော်ဝင်း က ပြည်မြန်မာကို ပြောသည်။
“ခုညနေ ၅နာရီ ၉ မိနစ် အချိန်မှာ ရွှေကူရပ်ကွက် ရွှေတချောင်းနှင့်ပန်းဘဲတန်းလမ်းထောင့်မှာ မေသရဖူရွှေဆိုင်ကို ပြည်မြို့သဲကုန်းအုပ်စု ဆင်ဖက်ရွာက ပြည့်ဖြိုးအောင်နဲ့ထက်အောင်ကျော်အောင်ဆိုတဲ့ အသက် ၂၃ နှစ် ၂၄ နှစ် အရွယ် နှစ်ယောက်က ခဲကျည်ထည့်ပစ်လို့ ရတဲ့ ကော်သေနတ်နဲ့ ဝင်ပြီးပြီတော့ လုယက်တာမျိုးလုပ်တာပေါ့။ ကျွန်တော်တို့လည်း သိသိချင်း ချက်ချင်းလာတယ်။ရပ်ကွက်နေပြည်သူတွေ၊ပိုင်ရှင်ရယ်၊ရဲ တပ်ဖွဲ့ရယ် အားလုံးပူးပေါင်းဖမ်းဆီးနိုင်ပါတယ်။ပြည်သူလူထုကိုလည်းရဲတပ်ဖွဲ့က ကျေးဇူးတင်ပါတယ်။အခုကတော့ လုယက်မှု ပုဒ်မ ၃၉၂ နဲ့ ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေပါတယ်။၊လက်ရှိမှာတော့ပေါ့နော်။အခြား မှုခင်းပိုင်းတွေ ဘာတွေ ရှိအုံးမလဲ၊ပြစ်မှုဟောင်းတွေ ရှိသလား အဲဒါတွေကိုလည်း စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်ဗျ”ဟု ယင်းက ပြောသည်။

0 comments:

Post a Comment