Monday, August 31, 2020

စစ်တွေမြို့ ကုန်စည်စီးဆင်းမှုမပြတ်စေရန် ကျောက်တန်းကျေးရွာတွင် ယာယီဂိတ် ဖွင့်လှစ်ထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမပြတ်စေဖို့ မြို့နဲ့ (၈)မိုင်လောက်ဝေးတဲ့ ကျောက်တန်းချေကျေးရွာမှာ ယာယီဂိတ်ဖွင့်လှစ် ဆောင်ရွက်နေတယ်လို့ ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံတွေက ပြောပါတယ်။
အဲဒီနေရာမှာ ကုန်တင်ကုန်ချလုပ်ပြီး ကုန်ပစ္စည်း ပို့ကြိုတာတွေ၊ ယာဉ်မောင်း လဲလှယ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိ ယာယီ ဂိတ် ပြုလုပ်ထားတဲ့ ကျောက်တန်းချေကျေးရွာမှာ ကုန်တင်ယာဉ် ဝင်ရောက်မှု များလာတာကြောင့် ကားရပ်နားဖို့ အခက်အခဲတွေ ရှိလာတယ် စစ်တွေ-မန္တလေး ကုန်စည်ပို့ဆောင်ရေးဂိတ်မှူး ဦးဝင်းရွှေကပြောပါတယ်။
“ ကားအစီး (၆၀) ယောက်ရှိနေပါပြီ။ နေရာက တစ်ဧကလောက်ပဲရှိပါတယ်။ ဂိတ်ကငယ်တော့ ကားလမ်းတွေပေါ်မှာ ကားတွေ ရပ်ထားရပါတယ်။ ကြာရင်တော့ ကားဂိတ်ကို အစိုးရအစီအစဉ် နဲ့ ချဲ့ပေးရမယ် ထင်ပါတယ်။ “ လို့ ဦးဝင်းရွှေက ပြောပါတယ်။
ရောက်ရှိလာတဲ့ ကုန်တင်ယာဉ်တွေနဲ့ ကုန်စည်တွေသယ်ဆောင်ဖို့ မြို့တွင်းက ရောက် ကားတွေကိုလည်း ပိုး သတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒါအပြင် ရောက်ရှိလာတဲ့ ကုန်ကားမောင်းသူတွေကိုလည်း မြို့တွင်းကို ဝင်ခွင့်မပြုဘဲ အဲဒီယာယီဂိတ်မှာပဲ နေထိုင်စေတယ်လို့ ဆိုပါတယ်။ အခု အစီအ စဉ်ကို သဘောကျ နှစ်သက်တယ်လို့ ကုန်တင်ယာဉ်မောင်းနှင်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ရန်ကုန်၊မန္တလေးနဲ့ မကွေးတိုင်းဒေသကြီး အစရှိတဲ့ ဒေသတွေနဲ့ ကုန်စည်ပို့ဆောင်တာတွေ ပြုလုပ် နေတာပါ။ ပြည်နယ်အတွင်း ကိုဗစ်ရောဂါ မဖြစ်ပွားမီက ကုန်တင်ယာဉ်ဝင်ရောက်မှု တစ်နေ့ အစီး(၂၀၀)ခန့် ဝင်ရောက်မှု ရှိခဲ့တာလို့ ကုန်စည်ဂိတ်တာဝန်ခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကုန်တင်ယာဉ် ဝင်ရောက်မှု သုံးပုံတစ်ပုံအထိ လျော့ကျသွားခဲ့တယ် လို့ ဆိုပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment