Monday, August 31, 2020

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာများလာ၍ ပြည်သူများပိုမိုသတိပြုကာကွယ်ရန်လို

ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကိုပြန်လာသူ(၁၄)ဦးမှာ covid-19ရောဂါပိုးတွေ့ရှိထားသလို ခရီး သွားရာဇဝင်လုံးဝမရှိတဲ့ရန်ကုန်မှာနေထိုင်သူ(၁၀)ဦးမှာလည်း ရောဂါပိုးတွေ့ရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်၊၊
အဲဒီလိုပိုးတွေ့လူနာတွေများလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးနေ ပြည်သူတွေအနေနဲ့ အထူးသတိပြုကာကွယ်ဖို့လိုတယ်လို့လည်းသတိ ပေးပြောဆိုလိုက်ပါတယ်၊၊ အဲဒီအပြင်လတ်တလော ရန်ကုန်တိုင်းအတွင်းမှာ Quarantineစင်တာ (၅၂)ခုမှာလူဦးရေထောင်ချီကို Quarantineထားရှိပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်၊၊

0 comments:

Post a Comment