Sunday, August 30, 2020

ပြည်သူလူထုအတွင်း ရောဂါပျံ့နှံ့မှုအခြေအနေသိရှိရန် စစ်တွေတွင် ကျန်းမာရေးစစ်တမ်းကောက်မည်

ပြည်သူလူထုအတွင်း ရောဂါပျံ့နှံ့မှု မည်မျှရှိသည်ကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်တွေ မြို့၌ ကျန်းမာရေးစစ် ဆေးမှုစစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ကျန်းမာရေးစစ်ဆေးခြင်း နှင့် စစ်တမ်းကောက်ယူခြင်းကို လူအများနှင့် ဆက်ဆံရသော ဘဏ်ဝန်ထမ်းများ၊ လေဆိပ်ဝန် ထမ်းများ၊ ပိုးတွေ့လူနာအများစု တွေ့ရှိသော လမ်းနှင့်ရပ်ကွက် များ၊ ဆေးရုံနှင့် ဌာနမှဝန်ထမ်း များ၊ ဈေးများ စသည်တို့ ပါဝင် ကြောင်း ၎င်းကရှင်းပြသည်။
‘‘ပြည်သူလူထုအများနဲ့ များ များထိတွေ့ရတဲ့၊ ဆက်ဆံရတဲ့ နေရာတွေမှာ စစ်ဆေးပါ့မယ်။ သူ့ရက်အလိုက် အဆင့်ဆင့်လုပ် သွားမှာဖြစ်ပါတယ်’’ဟု ဒေါက် တာ ခင်ခင်ကြီးကပြောသည်။
လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၁၆ ရက်မှ ၃၀ ရက် နံနက်အထိ ၁၅ ရက်အတွင်း ရောဂါကူးစက်ခံ ရသူ ၃၁၃ ဦး ရှိခဲ့ပြီး ရောဂါဖြစ် ပွားသူအားလုံး၏ ၈၀ ရာခိုင်နှုန်း ခန့်မှာ ရောဂါလက္ခဏာမပြသူ များဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် ပြည်သူလူထုအ တွင်း ရောဂါဖြစ်ပွားမှုအခြေအနေ မည်သို့ရှိသည်၊ မည်မျှရှိနေသည် စသည်တို့ကို သိရှိမှသာ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိရှိ မည်ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
‘‘နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ သက်ဆိုင်ရာအစိုးရ အဖွဲ့များ၊သက် ဆိုင်ရာဝန်ကြီး ဌာနများအားလုံး ဆောင်ရွက်နေ တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူး ပေါင်းပါဝင်မှုဟာ အထူးအ ရေး ကြီးပါတယ်။ အစိုးရတာဝန်ရှိသူ တွေနဲ့ ပြည်သူလူထုသာ လက်တွဲ ညီညီနဲ့ ချိန်သားကိုက်ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ် က ရောဂါဖြစ်ပွားမှု အခြေအနေ တွေသာမကပါဘူး။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ်’’ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူ ထုအတွက် ရောဂါကူးစက်မှုသိရှိ နိုင်ရန် ကျန်း မာရေးစစ်တမ်း ကောက်ယူမှုကို ရန်ကုန်မြို့ရှိ အင်းစိန်၊ တာမွေနှင့် မရမ်းကုန်း စသည့် မြို့နယ်များတွင် ဆောင်ရွက်ခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment