Monday, August 31, 2020

စစ်တွေမြို့မှာ ကျပန်းဓါတ်ခွဲနမူနာစစ်ဆေးခြင်း စက်တင်ဘာ ၅ရက်နေ့အထိ ပြုလုပ်မည်

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်းမှာ ကျပန်းဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကိုယနေ့မှစတင်ကာစက်တင် ဘာလ ၅ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရပါတယ်။
စစ်တွေမြို့မှာ Covid-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းများအား ထိရောက်မှုရှိစေရေးအတွက် ရည်ရွယ်ပြီး အများပြည်သူနဲ့သက်ဆိုင်သည့်နေရာများမှာ ယနေ့ ဩဂုတ် ၃၁ရက်နေ့မှစတင်ကာ ပြုလုပ်မှာဖြစ်ပါတယ်။
အများပြည်သူနဲ့သက်ဆိုင်သည့်နေရာများဖြစ်သော ဆေးရုံ၊ ဘဏ်၊ ဈေး၊ လေဆိပ်၊ ရပ်ကွက်၊ ကယ်ဆယ်ရေးစခန်း များ စသည့်နေရာများမှာ နေထိုင်သည့် ဝန်ထမ်း၊ ပြည်သူ (၁၀၀၀)ဦးခန့်ရဲ့ သွေးနမူနာများအား ရယူစစ်ဆေးသွား မယ်လို့ ဆိုပါတယ်။
ထိုလုပ်ငန်းစဉ်အတွက် ငွေကြေးတစုံတရာ ခံစားခွင့်ရရှိမည်မဟုတ်ကြောင်းနဲ့ စစ်ဆေးမှုရလဒ်အရ သွေးနမူနာ ဓါတ်ခွဲအဖြေမှာ Positive ဖြစ်ပါက ကာယကံရှင်ရဲ့ခွင့်ပြုချက်ဖြင့် လိုအပ်ပါက နှာခေါင်းတို့ဖတ်နမူနာကို စစ်ဆေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှာခေါင်းတို့ဖတ်နမူနာမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုပါက သီးခြားထားရှိပြီး အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးမှာဖြစ်သလို နမူနာယူခဲ့သည့် ကာယကံရှင်ရဲ့မိသားစုနဲ့ အခြားထိတွေ့သူများရှိပါကလည်း ခွင့်ပြုချက်ရယူကာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
ကျပန်းဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်း(Random Sampling) လုပ်ငန်းအား ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ လမ်းညွန်ချက်နဲ့အညီ ပြုလုပ်သွားမှာဖြစ်သလို ပြည်သူများအ နေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် နှိုးဆော်ထားတာဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment