Saturday, August 29, 2020

Covid-19 ကြောင့် မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ကျင်းပပြုလုပ်မည်မဟုတ်

လတ်တလော ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေနေများကြောင့် နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်တဲ့ မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်မှာ ကျင်းပပြုလုပ်မှာ မဟုတ်ကြောင်း သမိုင်းဝင်ဖောင်တော်ဦးစေတီ ဂေါပကအဖွဲ့ထံက သိရပါတယ်။
သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်မှာ ကျင်းပပြုလုပ်မှာမဟုတ်ပေမယ့်လည်း တော်သလင်းလဆန်း ၈ ရက်နေ့မှာတော့ ရိုးရာအစဉ်အလာအတိုင်း စေတီတော်ကို အနေကဇာတင်မင်္ဂလာပူဇော်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနဲ့ လှေဦးတိုက်ပူဇော်ခြင်းတို့ကိုတော့ ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦး စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလတိုင်းအစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး ဘုရားပွဲတော်ကာလမှာ ဆိုင်ခန်းကြီး၊ ဆိုင်ခန်းငယ် ၈ဝဝကျော်နဲ့ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ ပင်လယ်ဓားပြလှေများ၊ ချားရဟတ်များ၊ ပျော်ပွဲရွှင်ပွဲ များလည်း ထည့်သွင်းကျင်းပလျက် ရှိပါတယ်။
မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲမှာ ဘုရားပွဲတော်လာရောက် လည်ပတ်သူတွေ စိတ်ဝင်တစားနဲ့ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးကြတဲ့ အထင်ကရ လှေပြိုင်ပွဲလည်း ဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment