Saturday, August 29, 2020

ပိုးတွေ့လူနာ ဖုန်းပြင်သူနေထိုင်သည့် သာကေတ(၁)လမ်းကို Lockdown ချ

ပိုးတွေ့လူနာ(၇၀၁)ဖုန်းပြင်အလုပ်သမားနေထိုင်တဲ့ သာကေတမြို့နယ်၊ (၂)မြောက်ရပ်ကွက်ကတိုးချဲ့ (၁) လမ်းကို ပြီးခဲ့တဲ့ည(၁၂)နာရီကျော်လောက်က Lockdown ချလိုက်ပြီလို့ (၂)မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင့်လွင်က ပြောပါတယ်။
အဲဒီပိုးတွေ့လူနာနဲ့အတူ နေထိုင်တဲ့မိသားစုဝင်လေးဦးကိုလည်း လှော်ကားရှိQuarantine စင်တာကိုခေါ်ဆောင်ဖို့လာခေါ်နေပြီလို့လည်း ဦးတင့်လွင်ကအခုလိုပြောပါတယ်။
“ သူ့ကအိုင်ဖုန်းတွေဘာတွေပြင်တာ။ လောလောဆယ်တော့ သူ့မိသားစုဝင်လေးယောက်ကို Quarantine ပို့ဆောင်မယ်။ ပို့တော့မယ်။ ကားလာတော့မယ်။ သူ့မိသားစုကို ကျန်းမာရေးလည်းစစ်မယ် ” လို့ ဦးတင့်လွင်ကပြောပါတယ်။
အဲဒီပိုးတွေ့လူနာဟာ သမ္မတရုပ်ရှင်ရုံအနီးက လပြည့်ဝန်းပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်ရဲ့ အလုပ်သ မားတစ်ယောက်ဖြစ်ပြီး ဘယ်ကနေဘယ်လိုကူးစက်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဦးတင့်လွင်ကပြောပါတယ်။
ဩဂုတ်လ(၂၉)ရက်နေ့ ည(၁၁)နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ COVID-19 လူနာသစ်(၇၇)ဦးအနက်ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်က အသက်(၂၆)နှစ် အရွယ်အတည်ပြုလူနာ(၇၀၁)ကတော့ ခရီးသွားရာဇဝင်မရှိသလို COVID-19 အတည်ပြုလူနာနဲ့ထိတွေ့ထားသူလည်း မဟုတ်သလိုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိထားသူဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment