Monday, August 31, 2020

COVID-19 ကူးစက်မှုမြင့်မားနေတဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ခရီးသွားခဲ့သူ ၃၄၀၀ ကျော်ရှိ

COVID-19 ရောဂါပြန့်နှံ့မှုများပြားနေတဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ဩဂုတ် ၁၃ ရက်မှ ၂၁ ရက်အတွင်း ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ်နဲ့ ခရီးသွားလာခဲ့ကြတဲ့ ခရီးသည်များစာရင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုလိုထုတ်ပြန်လိုက်တဲ့စာရင်းတွေအရ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ် ၈၁ ခုနဲ့ ရခိုင်ကနေ ရန်ကုန်ကို ခရီးသွားလာခဲ့သူ ၃၄၀၀ ကျော်ရှိနေပါတယ်။ ဒီလူတွေအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုတွေရှိတဲ့ မြို့နယ်တွေကဖြစ်ရင် ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲဒီအတွက် နီးစပ်ရာကျန်းမာရေးဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ချက်ခြင်းသတင်းပို့ရမှာဖြစ်ပြီး တော့ သတင်းပို့ဖို့ပျက်ကွက်သူတွေကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပြီး ဖြစ်ပါတယ်။
Source - Yoyarlay

0 comments:

Post a Comment