Monday, August 31, 2020

အငြင်းပွားနယ်စပ်၌ တရုတ်တပ်ဖွဲ့များ၏ မြေပြင်အမှတ်အသားများ ပြောင်းလဲခဲ့ဟု အိန္ဒိယ ပြော

လပေါင်းများစွာကြာ တင်းမာမှုဖြစ်ပွားနေစဉ် လာဒါဒေသရှိ အငြင်းပွားနယ်စပ်တစ်လျောက် တရုတ်နိုင်ငံ ၏ ရန်လိုသော စစ်ရေးလှုပ်ရှားမှုများကို တပ်ဖွဲ့ဝင်များက ကဖျက်ယဖျက်လုပ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံက ပြော ကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က နယ်နိမိတ်အခြေအနေ ပြောင်းလဲပစ်ရန် ရန်လိုသော စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး လာဒါဒေသရှိ လိပ်ခဲတည်းလည်းအခြေအနေ ဖြေရှင်းမည့် နှစ်နိုင်ငံကြား စစ်ရေးနှင့် သံတမန်ရေးထိတွေ့မှုများ ချိုးဖောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ် ရပ်က ဖော်ပြခဲ့သည်။
ပန်ဂေါင်ကန်တောင်ပိုင်း၌ တရုတ်တပ်မတော်၏ လှုပ်ရှားမှုကို အိန္ဒိယတပ်ဖွဲ့များက ကြိုတင်ဟန့်တားနိုင်ခဲ့ ဟု ထုတ်ပြန်ချက်က ဆိုသည်။
အိန္ဒိယတပ်ဖွဲ့များက မိမိတို့၏ရပ်တည်ချက်များ ခိုင်မာစေမည့် အစီအမံများ လုပ်ဆောင်ခဲ့ပြီး မြေပြင်ပေါ်ရှိ အမှတ်အသားများ တစ်ဖက်သတ် ပြောင်းလဲပစ်မည့် တရုတ်တပ်ဖွဲ့များ၏ ရည်မှန်းချက်များကို ဟန့်တားနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များကြား လက်ဗလာတိုက်ပွဲမှာ မေလအစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ပဋိပက္ခက ဇွန်လဆန်းတွင် အရှိန်ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၅ ရက်တွင် ဂါလ်ဝမ်ဒေသ၌ အခြေအနေက ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အိန္ဒိယတပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျဆုံးခဲ့သလို တရုတ်တပ်ဖွဲ့ဝင် ၃၀ ခန့် ကျဆုံးခဲ့သည်ဟု ဆိုသည်။
Ref ; People Media

0 comments:

Post a Comment