Monday, August 31, 2020

မြောက်ကိုရီးယား၌ လူ၂၇၀၀ကျော် Covid-19 စစ်ဆေးရာတွင် ဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိသူတစ်ဦးမျှမရှိဟုဆို

မြောက်ကိုရီးယားနိုင်ငံမှာ လူ၂၇၀၀ကျော်ကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးထားခဲ့တာမှာ အကုန်လုံးက ဗိုင်းရပ်စ်မတွေ့ရှိတဲ့အဖြေထွက်ခဲ့တယ်လို့ NK News မှာဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOရဲ့ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံမှာ ကွာရန်တင်းနေထိုင်ခဲ့ရသူ ၃၀၀၀၀ကျော်ရှိတယ်လို့လည်း ၎င်းသတင်းမှာဖော်ပြထားခဲပါတယ်။
မြောက်ကိုရီးယားမှာ အခုလ ဗိုင်းရပ်စ်စစ်ဆေးသူဦးရေက ၂၇၆၇ဦးရှိခဲ့ပြီး သူတို့အားလုံးမှာ ဗိုင်းရပ်စ်မတွေ့တဲ့အဖြေထွက်ခဲ့တာလို့ WHOက NK Newsကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗိုင်းရပ်စ်သံသယရှိမှုနဲ့ ကွာရန်တင်းစင်တာတွေမှာနေခဲ့ရသူ ၃၀၉၆၅ဦးထက်မနည်းရှိခဲ့ပေမယ့် ဩဂုတ်လ ၂ဝရက်မှာ ကွာရန်တင်းစင်တာတွေကနေ ပြန်ခွင့်ရသူ ၂၉၉၆၁ဦးရှိခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံရဲ့ WHOအဖွဲ့ကိုယ်စားလှယ် အက်ဒဝင်ဆော်ဗေဒေါက ဆိုပါတယ်။
မြောက်ကိုရီးယားက ကွာရန်တင်းစင်တာတွေမှာ ကျန်ရှိနေသူဦးရေ ၁၀၀၄ဦးရှိနေပြီး သူတို့အားလုံးက မြောက်ကိုရီးယားနိုင်ငံသားတွေဖြစ်တယ်လို့လည်း အက်ဒဝင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လက နယ်စပ်ကေဆောင်မြို့မှာ မြောက်ကိုရီးယားပြန်ဝင်တဲ့ ပြည်ပြေးတစ်ဦးကို ဗိုင်းရပ်စ်သံသယဖြစ်ခဲ့ပေမယ့် ၎င်းနဲ့ပတ်သက်ပြီး ထပ်မံစစ်ချက်အဖြေတွေအသေးစိတ်ကိုတော့ မြောက်ကိုရီးယားအာဏာပိုင်တွေဆီကနေ မသိရသေးဘူးလို့ ၎င်းကဆိုပါတယ်။
ကေဆောင်နယ်စပ်ဗိုင်းရပ်စ်သံသယရှိသူနဲ့ အဦးဆုံးထိတွေ့ခဲ့သူနှစ်ဦးကိုတော့ ကွာရန်တင်းကနေ ပြန်ခွင့်ပြုခဲ့ပြီလို့ သိထားရပြီလို့ ၎င်းက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့အများပြည်သူနေရာတွေမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဖို့ထုတ်ပြန်ထားပြီး တရုတ်နိုင် ငံတလျန်ဆိပ်ကမ်းမှာကူးစက်သူတွေ့ရှိတာတွေကြောင့် တလျန်မြို့ကနေ မြောက်ကိုရီးယားနမ်ဖိုဆိပ်ကမ်းမြို့ဆီ ကုန်သွယ်ရေးလမ်ကြောင်းကိုပါပိတ်ထားပြီလို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment