Monday, August 31, 2020

တရုတ်အဆင့်မြင့်ခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မည်

တရုတ်အဆင့်မြင့်ခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကကြေညာသည်။
တရုတ်နိုင်ငံတွင် ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mr. Zhao Lijian ၏ပြောကြားချက်ကို ကိုးကားပြီး သံရုံးက ပြောဆိုလိုက်ခြင်းဖြစ် သည်။
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရဟု သိရကာ ယခုလာရောက်မည့်သူသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဌ Mr. Yang Jiechi ဖြစ်သည်။
၎င်းသည် စက်တင်ဘာလ၁ရက်နေ့မှ၄ရက်နေ့အထိ မြန်မာ၊စပိန်၊ဂရိ သုံးနိုင်ငံသို့တရားဝင်သွားရောက်လည်ပတ်မည်ဖြစ်သည်။
ကိုဗစ်ကာလအတွင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ပြည်ပမှ အဆင့်မြင့်ခေါင်းဆောင် တစ်ဦး၏ ဒုတိယမြောက် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။
Ref ; ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment