Monday, August 31, 2020

ဂျပန်နိုင်ငံသည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပါလီမန်၌ ဝန်ကြီးချုပ်အသစ်ရွေးချယ် တင်မြှောက်ရန် စီစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe နှုတ်ထွက်ခဲ့ခြင်းကြောင့် နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်နေရာကို ရွေးချယ်တင်မြှောက်ရန်အတွက် စက်တင်ဘာလ ၁၇ ရက် နေ့တွင် လွှတ်တော်အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားရန် စီစဉ်နေကြကြောင်း ဩဂုတ်လ ၃၀ ရက်နေ့တွင် Kyodo သတင်းအေဂျင်စီမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
Kyodo သတင်းဌာန၏ဖော်ပြချက်အရ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် စက်တင် ဘာလ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးကောက်ပွဲကို အပြီး သတ်ရန်ဆောင်ရွက်နေကြောင်းသိရှိရပါသည်။ LDP သည် အောက်လွှတ်တော်ရှိ ပါတီ အများစုဖြစ်သောကြောင့် (LDP) ဉက္ကဌသည် ဝန်ကြီးချုပ်ဖြစ်မည်ကိုယုံကြည်ရ ကြောင်း ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ၏ သက်တမ်းအကြာဆုံးသော ဝန်ကြီးချုပ်နှင့် LDP ဉက္ကဌဖြစ်သော Shinzo Abe ၏နာတာရှည် ရောဂါမှာ ပိုမိုဆိုးရွားလာသည့်အတွက် အနားယူတော့ မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Kyodo သတင်းအေဂျင်စီ၏ ဩဂုတ်လ ၃၀ ရက်နေ့အစောပိုင်း ထုတ်ပြန်ချက် တွင် ဂျပန်နိုင်ငံအစိုးရအဖွဲ့လက်ထောက်အတွင်းဝန်(Chief Cabinet Secretary ) Yoshihide Suga သည် ဝန်ကြီး ချုပ် Shinzo Abe ၏နေရာတွင်ဆက်ခံရန် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း LDP အရင်းအမြစ်များကို ကိုးကား၍ဖော်ပြထားပါ သည်။
သတင်းအရင်းအမြစ်အရ Suga သည် စက်တင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း လူထုကိုချပြခဲ့ပြီး LDP မှ လည်း စက်တင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ထိပ်တန်းအလုပ်အတွက် အပြီး သတ်စီစဉ်ခြင်းများကို ဆောင်ရွက်နေပါသည်။ Suga သည် အာဘေး၏ ကာလကြာရှည်စွာလုပ်ကိုင်ခဲ့သော လက်ထောက်ဖြစ် ပြီး ဝန်ကြီးချုပ်နေရာဆက်ခံရာတွင် ခိုင်မာသောပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း မှတ်ယူ ပါသည်။
Shinzo Abe မှ ၂၀၁၂ ခုနှစ်တွင် အစိုးရအဖွဲ့လက်ထောက်အတွင်းဝန် (Chief Cabinet Secretary )၏ အဓိကအခန်းဂဏ္ဍအတွက် ရွေချယ်ခံရသော Suga သည် အစိုးရ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် မူဝါဒများချ မှတ်ပြီး ဗျူရိုကရေစီနှင့် ပတ်သက်သော ကိုင်တွယ်သူတစ်ဦးဖြစ်လာခဲ့ပါသည်။ Suga အပြင် LDP မူဝါဒချမှတ်ရေးအကြီးအကဲ Fumio Kishida ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း Shigeru Ishiba တို့သည် ဝန်ကြီးချုပ် နေရာနှင့် အာဏာရပါတီ၏ဉက္ကဌနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment