Sunday, August 30, 2020

ဆီးရီးယားအတိုက်အခံခေါင်းဆောင်မှ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို အထောက်အပံ့ပေးရန် အင်အားကြီးနိုင်ငံများအား တိုက်တွန်းခဲ့

ဆီးရီးယားအတိုက်အခံခေါင်းဆောင်မှ ဆယ်စုနှစ်တစ်ခုနီးပါးအကြာစစ်ပွဲပြီး နောက် နိုင်ငံရေးဆိုင်ရာအသွင်ကူးပြောင်းရေးတစ်ခုအတွက် လမ်းခင်းပေးရန်လာမည့် လအတွင်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးတစ်ခု အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုရန် အဓိကအင်အားကြီးနိုင်ငံများကို တောင်းဆိုခဲ့ပါသည်။
ဆီးရီးယားအတိုက်အခံဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ ကော်မတီပူးတွဲဉက္ကဌ Hadi al – Bahra သည် ဂျီနီဗာရှိ ကုလသမဂ္ဂမှ ထောက်ပံ့ပေးထားသော ဆွေးနွေးပွဲပြီး နောက် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အစိုးရ၊ အတိုက်အခံနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဝင် ၄၅ ဦးပါဝင်သည့်ကော်မတီတွင် ကုလသမဂ္ဂမှ ကွပ်ကဲ သောရွေးကောက်ပွဲများသို့ ဦးတည်နေသည့် ဖွဲ့စည်းပုံအခြေခံဉပဒေသစ်ကို ရေးဆွဲရန် လုပ်ပိုင်ခွင့်အာဏာရှိပါသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Geir Pedersen မှ သဘောထားကွဲလွဲမှုအများ အပြားရှိခဲ့သော်လည်း တူညီသောနယ်ပယ်အနည်းငယ်လည်းရှိခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ Idlib နယ်မြေတွင် အပစ်အခတ်ရပ်စဲရေးချိုး ဖောက်မှုများရှိသော်လည်း မတ်လ နောက်ပိုင်းတွင် ရုရှားနှင့် တူရကီတို့သည် အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ဆောင်ရွက်ခဲ့ကြောင်း Geir Pedersen မှ ပြောကြားခဲ့ပါသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမရှိသရွေ့ နိုင်ငံရေးလုပ်ငန်းစဉ်များသည် ရပ်တန့်နေအုံးမည်ဖြစ်ကြောင်း Bahra မှပြောကြားခဲ့ပါသည်။
ယာယီနှင့် လုံးဝ အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်ထောက်ပံ့ပေးနေသောနိုင်ငံများတွင တာဝန်ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
>>zawgyi<<

0 comments:

Post a Comment