Sunday, August 30, 2020

အသက် ၁၄ နှစ်အရွယ်သမီးအရင်းအား တရုတ်နိုင်ငံသားနှင့် အဓမ္မပေးစားခဲ့သည့် မိခင်အရင်း အပါအဝင် ၅ ဦးကို ဖမ်းဆီးထား

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားမိခင် အရင်းဖြစ်သူက တရုတ်နိင်ငံသားနှင့် အတင်းအဓမ္မ ပေးစားခဲ့သဖြင့် အဓမ္မ လက်ထပ်ပေးစား ရာတွင် ပါဝင်ခဲ့သည့် မိခင်အရင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှုးအပါအဝင် ၅ ဦးကို လူကုန်ကူးမှုအပါအဝင်ပုဒ်မ ၃ခုဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်းဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)က သိရသည်။
အဆိုပါ အမျိုးသမီးငယ်အား ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငရုတ်စိုက် ခင်းလုပ်ကိုင်သည့် အသက် ၅၀ ကျော်အရွယ် တရုတ်နိုင်ငံသားက လက်ထပ်ပေါင်းသင်းရန် ငွေကျပ် ၁၀ သိန်းဖြင့် တောင်းရမ်းခဲ့ရာ အတင်းအကြပ်ပေးစားခဲ့သဖြင့် မိခင်အပါအဝင် ငါးဦးကို အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထားသူ ၅ ဦးမှာ အလိုမတူဘဲ အဓမ္မ လက်ထပ်ပေးစားခဲ့သည့် မိခင်၊ တောင်းရန်းလက်ထပ်သူ တရုတ်နိုင်ငံသား၊ လက်ထပ်ပေးစားနိုင်ရန် အားပေးကူညီခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှုး၊ စကားပြန် အမျိုးသားတစ်ဦး၊ ဒေသခံ အလုပ်သမား ခေါင်းဆောင် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့က မြစ်သားမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် တရားဝင်ဗီဇာဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သော်လည်း ဗီဇာသက်တန်းကျော်လွန်နေသူဖြစ်ကြောင်းလည်း သိရသည်။
အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်သည် ၎င်းတို့ကျေးရွာတွင် ငရုတ်စိုက်ခင်း လာရောက်လုပ်ကိုင် သည့် အသက် ၅၀ ကျော်အရွယ် တရုတ်နိုင်ငံသား လောပန်း(ခ) အားတေ့၏ ငရုတ်စိုက်ခင်းတွင် လွန်ခဲ့သော နှစ်လခန့်က စတင်၍အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ထို့သို့လုပ်ကိုင်စဉ် ၎င်းအား တရုတ်နိုင်ငံ သားနှင့် လက်ထပ်ပေးစားရန် ရွာခံအလုပ်သမား ခေါင်းဆောင်က မိခင်ဖြစ်သူထံ ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ ဆက်သွယ်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အလုပ်သမားခေါင်းဆောင်၊ စကားပြန်နှင့် တရုတ်နိုင်ငံသားတို့သည် ငွေကျပ် ၁၀ သိန်းဖြင့် တင်တောင်းခဲ့ပြီး မြေကွက်ဝယ်ရန် ငွေကျပ် ၁၀ သိန်း ထပ်မံပေးအပ်မည်ဟု ပြောဆိုစည်းရုံးခဲ့ပြီး နောက် ဩဂုတ်လ ၁၁ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူး၊ အလုပ်သမားခေါင်းဆောင်၊ စကားပြန်နှင့် တရုတ်နိုင်ငံသားတို့ လာရောက်ခေါ်ဆောင်ကြရာ မိခင်ဖြစ် သူက ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမိန်းကလေးကား ငရုတ်စိုက်ခင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းညတွင် တရုတ်နိုင်ငံသားမှ သားမယားပြုကျင့်ရန် ဆောင်ရွက်ရာ လက်မခံသဖြင့် စကားပြန်မှ အုပ်ချုပ်ရေးမှုးထံ ဖုန်းဆက် အကြောင်းကြားခဲ့ရာ မိခင်ဖြစ်သူနှင့် အုပ်ချုပ်ရေးမှုးတို့သည် ငရုတ်စိုက်ခင်းသို့ ရောက်ရှိလာကြ ကြောင်း သိရသည်။
ငရုတ်စိုက်ခင်းသို့ ရောက်ရှိလာသော မိခင်နှင့် အုပ်ချုပ်ရေးမှုးတို့ကို စကားပြန် အမျိုးသားက တရုတ် နိုင်ငံသား လောပန်း(ခ) အားတေ့နှင့် အမျိုးသမီးငယ်တို့ သားမယားအဖြစ် ဆောင်ရွက်မှုမပြီးမချင်း မပြန်ကြရန်ပြောသဖြင့် မိခင်နှင့် အုပ်ချုပ်ရေးမှုးတို့သည် ငရုတ်စိုက်ခင်းအတွင်းရှိ တဲအနီး၌ စောင့်ပေးခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးငယ်သည် အားတေ့နှင့် လေးရက်ကြာပေါင်းသင်းနေ ထိုင်ခဲ့ရပြီးနောက် ထွက်ပြေးခဲ့ကြောင်း မှုခင်းမှတ်တမ်း ဖော်ပြချက်များအရ သိရသည်။
“ဒီဖြစ်စဉ်က ကလေးသူငယ်အရွယ်ကို အတင်းအဓမ္မ ပေးစားတာပေါ့၊ မိခင်ကိုယ်တိုင်နဲ့ ကျေးရွာက တာဝန်ရှိသူတွေပါ ပါဝင် နေတဲ့အတွက် ဒါမျိုးကတော့ မကောင်းဘူးလို့ မြင်ပါတယ်၊ အခုဖြစ်စဉ်မျိုးကို ဘယ်သူမှ လက်ခံလို့မရဘူးဗျ၊ လက်ခံမရတဲ့ အတွက် ဒါကို သတိတရားနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ဖို့က အရမ်းအရေးကြီးပါတယ်”ဟု ရဲမှုးမျိုးဇင်က ဆက်လက် ပြောသည်။
ယင်းအမှုမှာ မုဒိမ်းမှုမြောက်နေသဖြင့် ဦးလေးဖြစ်သူက တရားလိုပြုလုပ်၍ မြစ်သားမြို့မရဲစခန်းတွင် သြဂုတ်လ ၂၂ ရက်က မုဒိန်းမှုဖြင့် အမှုဖွင့်လှစ်ခဲ့သည့်အပြင် အမှတ် (၁၁) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၆၆ (မုဒိမ်းမှု၊ အတင်း အဓမ္မ ပေးစားရန် သွေးဆောင်မှု)၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) တို့ဖြင့် အမှုဖွင့်အရေးယူထားရာ ပါဝင်သူများကို ချုပ်ရမန်ယူထားပြီး တရုတ်နိုင်ငံသားကို အချုပ်ထောင်သို့ ပို့ထားကာ ကျန်လေးဦးအား မြစ်သားမြို့မရဲစခန်း၌ ဖမ်းဆီးထိန်း သိမ်းထားကြောင်း သိရသည်။
>>zawgyi<<
အသက် ၁၄ နှစ်အရွယ်သမီးအရင်းအား တရုတ်နိုင်ငံသားနှင့် အဓမ္မပေးစားခဲ့သည့် မိခင်အရင်း အပါအဝင် ၅ ဦးကို ဖမ်းဆီးထား
Sunday, August 30, 2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားမိခင် အရင်းဖြစ်သူက တရုတ်နိင်ငံသားနှင့် အတင်းအဓမ္မ ပေးစားခဲ့သဖြင့် အဓမ္မ လက်ထပ်ပေးစား ရာတွင် ပါဝင်ခဲ့သည့် မိခင်အရင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှုးအပါအဝင် ၅ ဦးကို လူကုန်ကူးမှုအပါအဝင်ပုဒ်မ ၃ခုဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)က သိရသည်။
အဆိုပါ အမျိုးသမီးငယ်အား ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငရုတ်စိုက် ခင်းလုပ်ကိုင်သည့် အသက် ၅၀ ကျော်အရွယ် တရုတ်နိုင်ငံသားက လက်ထပ်ပေါင်းသင်းရန် ငွေကျပ် ၁၀ သိန်း ဖြင့် တောင်းရမ်းခဲ့ရာ အတင်းအကြပ် ပေးစားခဲ့သဖြင့် မိခင်အပါအဝင် ငါးဦးကို အမှုဖွင့်ဖမ်း ဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထားသူ ၅ ဦးမှာ အလိုမတူဘဲ အဓမ္မ လက်ထပ်ပေးစားခဲ့သည့် မိခင်၊ တောင်းရန်းလက်ထပ်သူ တရုတ်နိုင်ငံသား၊ လက်ထပ်ပေးစားနိုင်ရန် အားပေးကူညီခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှုး၊ စကားပြန် အမျိုးသားတစ်ဦး၊ ဒေသခံ အလုပ်သမား ခေါင်းဆောင် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့က မြစ်သားမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် တရားဝင်ဗီဇာဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သော်လည်း ဗီဇာသက်တန်းကျော်လွန်နေသူဖြစ်ကြောင်းလည်း သိရသည်။
အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်သည် ၎င်းတို့ကျေးရွာတွင် ငရုတ်စိုက်ခင်း လာရောက်လုပ်ကိုင် သည့် အသက် ၅၀ ကျော်အရွယ် တရုတ်နိုင်ငံသား လောပန်း(ခ) အားတေ့၏ ငရုတ်စိုက်ခင်းတွင် လွန်ခဲ့သော နှစ်လခန့်က စတင်၍အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ထို့သို့လုပ်ကိုင်စဉ် ၎င်းအား တရုတ်နိုင်ငံ သားနှင့် လက်ထပ်ပေးစားရန် ရွာခံအလုပ်သမား ခေါင်းဆောင်က မိခင်ဖြစ်သူထံ ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ ဆက်သွယ်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အလုပ်သမားခေါင်းဆောင်၊ စကားပြန်နှင့် တရုတ်နိုင်ငံသားတို့သည် ငွေကျပ် ၁၀ သိန်းဖြင့် တင်တောင်းခဲ့ပြီး မြေကွက်ဝယ်ရန် ငွေကျပ် ၁၀ သိန်း ထပ်မံပေးအပ်မည်ဟု ပြောဆိုစည်းရုံးခဲ့ပြီး နောက် ဩဂုတ်လ ၁၁ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူး၊ အလုပ်သမားခေါင်းဆောင်၊ စကားပြန်နှင့် တရုတ်နိုင်ငံသားတို့ လာရောက်ခေါ်ဆောင်ကြရာ မိခင်ဖြစ် သူက ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမိန်းကလေးကား ငရုတ်စိုက်ခင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းညတွင် တရုတ်နိုင်ငံသားမှ သားမယားပြုကျင့်ရန် ဆောင်ရွက်ရာ လက်မခံသဖြင့် စကားပြန်မှ အုပ်ချုပ်ရေးမှုးထံ ဖုန်းဆက် အကြောင်းကြားခဲ့ရာ မိခင်ဖြစ်သူနှင့် အုပ်ချုပ်ရေးမှုးတို့သည် ငရုတ်စိုက်ခင်းသို့ ရောက်ရှိလာကြ ကြောင်း သိရသည်။
ငရုတ်စိုက်ခင်းသို့ ရောက်ရှိလာသော မိခင်နှင့် အုပ်ချုပ်ရေးမှုးတို့ကို စကားပြန် အမျိုးသားက တရုတ် နိုင်ငံသား လောပန်း(ခ) အားတေ့နှင့် အမျိုးသမီးငယ်တို့ သားမယားအဖြစ် ဆောင်ရွက်မှုမပြီးမချင်း မပြန်ကြရန်ပြောသဖြင့် မိခင်နှင့် အုပ်ချုပ်ရေးမှုးတို့သည် ငရုတ်စိုက်ခင်းအတွင်းရှိ တဲအနီး၌ စောင့်ပေးခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးငယ်သည် အားတေ့နှင့် လေးရက်ကြာပေါင်းသင်းနေ ထိုင်ခဲ့ရပြီးနောက် ထွက်ပြေးခဲ့ကြောင်း မှုခင်းမှတ်တမ်း ဖော်ပြချက်များအရ သိရသည်။
“ဒီဖြစ်စဉ်က ကလေးသူငယ်အရွယ်ကို အတင်းအဓမ္မ ပေးစားတာပေါ့၊ မိခင်ကိုယ်တိုင်နဲ့ ကျေးရွာက တာဝန်ရှိသူတွေပါ ပါဝင် နေတဲ့အတွက် ဒါမျိုးကတော့ မကောင်းဘူးလို့ မြင်ပါတယ်၊ အခုဖြစ်စဉ်မျိုးကို ဘယ်သူမှ လက်ခံလို့မရဘူးဗျ၊ လက်ခံမရတဲ့ အတွက် ဒါကို သတိတရားနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ဖို့က အရမ်းအရေးကြီးပါတယ်”ဟု ရဲမှုးမျိုးဇင်က ဆက်လက် ပြောသည်။
ယင်းအမှုမှာ မုဒိမ်းမှုမြောက်နေသဖြင့် ဦးလေးဖြစ်သူက တရားလိုပြုလုပ်၍ မြစ်သားမြို့မရဲစခန်းတွင် သြဂုတ်လ ၂၂ ရက်က မုဒိန်းမှုဖြင့် အမှုဖွင့်လှစ်ခဲ့သည့်အပြင် အမှတ် (၁၁) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၆၆ (မုဒိမ်းမှု၊ အတင်း အဓမ္မ ပေးစားရန် သွေးဆောင်မှု)၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) တို့ဖြင့် အမှုဖွင့်အရေးယူထားရာ ပါဝင်သူများကို ချုပ်ရမန်ယူထားပြီး တရုတ်နိုင်ငံသားကို အချုပ်ထောင်သို့ ပို့ထားကာ ကျန်လေးဦးအား မြစ်သားမြို့မရဲစခန်း၌ ဖမ်းဆီးထိန်း သိမ်းထားကြောင်း သိရသည်။

0 comments:

Post a Comment