Sunday, August 30, 2020

ကိုဗစ်လူနာများ၏ မိသားစုဝင်များ ကွာရန်တင်းထားရှိခြင်းကို မူဝါဒအရ အပြောင်းအလဲ ပြုလုပ်ရန်စီစဉ်

ကိုဗစ်လူနာများ၏ မိသားစုဝင်များ ကွာရန်တင်းထားရှိခြင်းကို မူဝါဒအရ အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။
နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲတွင် မိသားစုဝင်တစ်ဦးတွင် COVID-19 ဓာတ်ခွဲတွေ့ရှိပါက အခြားမိသားစုဝင်များကို (facility quarantine) သို့ မပို့ဘဲ နေအိမ်တွင်သာ တင်းကြပ်စွာဖြင့် အသွားအလာ ကန့်သတ်ခြင်း (strict home quarantine) ကို ဆောင်ရွက်သင့်/ မသင့် နှင့် မူဝါဒပြောင်းရန် သင့်/ မသင့်တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ အစည်းအဝေးတွင် ကိုဗစ်လူနာ၏ မိသားစုဝင်များ ကွာရန်တင်းထားရှိခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သော်လည်း တိကျသည့်ဆုံးဖြတ်ချက်မျိုး မပြုလုပ်ခဲ့သေးကြောင်းသိရပါတယ်။
ယနေ့ ဩဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၇၈၇ ရှိလာပြီး လူနာအ များဆုံးမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပြီးယင်းနောက်တွင် ရန်ကုန်တိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်ပွား နေတာဖြစ်တယ်လို့ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကွာရန်တင်းတွေ နိုင်ငံတကာလို ၂ ပတ်ပဲထားဖို့၊ မလိုအပ်တဲ့ FQ တွေလျှော့ ဖို့၊ အိမ်တွေမှာ အခြေအနေပေးရင် အဖြစ်နိုင်ဆုံး HQ ထားဖို့၊ ဘာရောဂါ လက္ခဏာမှမရှိတဲ့ ပိုးတွေ့လူနာအ ကောင်းကြီးတွေကို ဆေးရုံမတင်ပဲ FQ ထားသင့်တယ်ဆိုတဲ့ ကိစ္စတွေပါ။ ဒီလိုတွေပဲ ဖြစ်သင့်တယ်။
နိုင်ငံတကာမှာလဲ ဒီလိုပဲ လုပ်ကြတယ်ဆိုတာ အများစုက သိပြီးသားပါ။ ဒီလိုပဲ ရေရှည်ဆက်သွားရမယ်၊ အခု လုပ်နေတဲ့ ပေါ်လစီ တချို့ကို ပြောင်းလဲသင့်နေပြီလို့ ဆရာဝန်အများစုထဲမှာ ဆွေးနွေးနေကြတာဟာလဲ အ ချိန်တောင် အတော်ကြာနေပါပြီ။ ဆရာဝန်အများစု ဖြစ်စေချင်နေကြတဲ့ အသံဆိုရင်လဲ မမှားပါဘူး။ ဆရာဝန် အုပ်စုတွေ ဆိုရှယ်မီဒီယာမှာ ဆွေးနွေးကြပြီးသားပါ။ ပေါ်လစီချမှတ်သူတွေကတော့ နိုင်ငံရေးပါ ထဲ့စဉ်းစားပါတယ်။ ဆရာဝန်က နည်းပညာပိုင်းကိုပဲ စဉ်းစားပါတယ်။ ဒါပဲ ကွာပါတယ်”လို့ သုံးသပ်ထားပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment