Sunday, August 30, 2020

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ နေထိုင်ရာအိမ်ကို lockdown ချပြီး ပိုးသတ်ဆေးဖြန်း

မန္တလေးမြို့ သံဃာဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေတဲ့ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးမှာ Covid-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီအမျိုးသမီးဟာ ဩဂုတ်လ ၁၆ ရက်မှာ မိသားစုနဲ့ အတူ ရခိုင်ပြည်နယ် မင်းပြားမြို့မှ ပြန်လာသူဖြစ်ပြီး
သူနဲ့အတူ ရခိုင်ကပြန်လာသူမိသားစုဝင် ၂ ဦးမှာတော့ ရောဂါ ပိုး မတွေ့ရဘူးလို့ဆိုပါတယ်။
လူနာထိုင်ရာ ချမ်းမြသာစည်မြို့နယ် အတွင်းက နေအိမ်နဲ့ သွားလာရာ နေရာများကို lockdown ပြုလုပ်ထားပြီး လမ်းကိုလည်း ပိုးသတ်ဆေးဖြန်းခဲ့ပါတယ်။ လူနာရဲ့ မိခင်နဲ့ ထိတွေ့ခဲ့သူ ၃၀ နီးပါးကိုလည်း အသွားအလာကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်ပေးမယ်လို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာန ဒုမြို့နယ်ပြည်သူ့ကျန်းမာဦးစီးမှူး ဒေါက်တာနန်းစောထွေးက ပြောပါတယ်။
မန္တလေးမှာ ရခိုင်ကိုခရီးသွားသူ ကိုဗစ်လူနာဟာ ဒီလူနာနဲ့ဆို နှစ်ဦး ထိတွေ့ရှိထားပြီး ကျန်တစ်ဦးကတော့ စစ်တွေကနေ သင်တန်းလာတတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<
မန္တလေးမြို့မှ အသက် ၁၇ နှစ် အရွယ် ကိုဗစ်အတည်ပြုလူနာ နေထိုင်ရာအိမ်ကို lockdown ချပြီး ပိုးသတ်ဆေးဖြန်း
Sunday, August 30, 2020
မန္တလေးမြို့ သံဃာဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေတဲ့ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးမှာ Covid-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီအမျိုးသမီးဟာ ဩဂုတ်လ ၁၆ ရက်မှာ မိသားစုနဲ့ အတူ ရခိုင်ပြည်နယ် မင်းပြားမြို့မှ ပြန်လာသူဖြစ်ပြီး
သူနဲ့အတူ ရခိုင်ကပြန်လာသူမိသားစုဝင် ၂ ဦးမှာတော့ ရောဂါ ပိုး မတွေ့ရဘူးလို့ဆိုပါတယ်။
လူနာထိုင်ရာ ချမ်းမြသာစည်မြို့နယ် အတွင်းက နေအိမ်နဲ့ သွားလာရာ နေရာများကို lockdown ပြုလုပ်ထားပြီး လမ်းကိုလည်း ပိုးသတ်ဆေးဖြန်းခဲ့ပါတယ်။ လူနာရဲ့ မိခင်နဲ့ ထိတွေ့ခဲ့သူ ၃၀ နီးပါးကိုလည်း အသွားအလာကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်ပေးမယ်လို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာန ဒုမြို့နယ်ပြည်သူ့ကျန်းမာဦးစီးမှူး ဒေါက်တာနန်းစောထွေးက ပြောပါတယ်။
မန္တလေးမှာ ရခိုင်ကိုခရီးသွားသူ ကိုဗစ်လူနာဟာ ဒီလူနာနဲ့ဆို နှစ်ဦး ထိ တွေ့ရှိထားပြီး ကျန်တစ်ဦးကတော့ စစ်တွေကနေ သင်တန်းလာတတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment