Monday, August 31, 2020

Covid-19 Case-771 နဲ့ ထိတွေ့ခဲ့တဲ့ မော်လမြိုင်မြို့ နတ်ကျွန်းရပ်မှContact (၆)ဦးအား Quarantine Center ပို့ဆောင်

ရန်ကုန်မှ ကိုဗစ်ပိုးတွေ့လူနာ Case-771 နဲ့ ထိတွေ့ခဲ့ကြောင်းတာဝန်သိစွာ အကြောင်းကြားလာသဖြင့် မော်လမြိုင်မြို့ မုပွန်နတ်ကျွန်းရပ်မှ Contact(၆)ဦးအား အေးမြကြည်လင် Rescue နဲ့ ဘိုဘိုဝင်း Rescue အဖွဲ့မှ သွားရောက်ခေါ်ဆောင်ပြီး Quarantine Center သို့ ပို့ဆောင်ထားပါပြီဖြစ်ကြောင်း သိရှိရသည်။
ထိတွေ့ခဲ့တဲ့ မိသားစုကိုယ်တိုင် တာဝန်သိစွာနဲ့ ဆက်သွယ်အကြောင်းကြားပေးတာပါ။ တိတ်တဆိတ်မနေနေပါဘူး။တကယ်ကို လေးစားစရာပါ။
ရန်ကုန် ပုဇွန်တောင်မှ Case-771 ဟာ အန္တရာယ်များပါတယ်။ ရခိုင်ပြန် မဟုတ်သလို ပိုးတွေ့လူနာတွေနဲ့
ထိစပ်တာလဲ မရှိပါဘူး။နိုင်ငံခြားသွားရောက်ရန် ကျန်းမာရေးစစ်ဆေးရာမှ ပိုးတွေ့ ခဲ့တာပါ။ ပြည်တွင်း Silent ကူးစက်မှုတွေ ဖြစ်ပါတယ်။
Case-771 ဟာ မော်လမြိုင်မှာ နေစဉ် ယခု မုပွန် နတ်ကျွန်းရပ်ရှိ နေအိမ်မှာ တည်းခိုခဲ့ပြီး ပြင်ပသို့ သွားထားတာတွေ လည်းရှိပါတယ်။ သူနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူတွေ အနေနဲ့လည်း ယခု မိသားစုလို တာဝန်သိစွာ ဆက်သွယ်ပြီး Q ဝင်ပေးဖို့ တိုက်တွန်းပါတယ်။
Source - Zin Moe

0 comments:

Post a Comment