Saturday, August 29, 2020

တရုတ်နိုင်ငံတွင် နှစ်ထပ်တိုက်စားသောက်ဆိုင် ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိ

ဩဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ဒေသ Shanxi ရှန်းဇီပြည်နယ် ရှောင်ဖိန်းစီရင်စုရှိ နှစ်ထပ်တိုက်စားသောက်ဆိုင် ရုတ်တရက်ပြိုကျမှုဖြစ်ခဲ့ရာ တာဝန်ရှိရှာဖွေကယ်ဆယ်ရေးအဖွဲ့ အင်အား ၇၀၀ ဖြင့် အုတ်ပုံများကြားမှ သေဆုံးသူများကို ဆွဲထုတ်ခဲ့ရတယ်လို့ CNA သတင်းတစ်ပုဒ်တွင်ဖော်ပြချက်အရ သိရပါတယ် ။
ည ၇ နာရီနောက်ဆုံးသတင်းအရ ပြိုကျနေတဲ့အုတ်ပုံများထဲက လူပေါင်း ၄၅ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရှိသူ ၇ ဦးနှင့်အခြား ဒဏ်ရာရှိသူ ၂၁ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့ဆိုပါတယ် ။
ပြိုကျမှုကြောင့်လူ ၁၇ ဦးသေဆုံးခဲ့ကြရပြီး တိုက်ပြိုကျရခြင်းအကြောင်းရင်းကတော့ ဆောက်လုပ်စဉ်က အရည်အသွေးမမှီသည့်အတွက် ပြိုကျရခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးများက သုံးသပ်ပြောဆိုထားကြောင်း သိရပါတယ် ။
>>zawgyi<<
တရုတ်နိုင်ငံတွင် နှစ်ထပ်တိုက်စားသောက်ဆိုင် ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိ
Sunday, August 30, 2020
ဩဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ဒေသ Shanxi ရှန်းဇီပြည်နယ် ရှောင်ဖိန်းစီရင်စုရှိ နှစ်ထပ်တိုက်စားသောက်ဆိုင် ရုတ်တရက်ပြိုကျမှုဖြစ်ခဲ့ရာ တာဝန်ရှိရှာဖွေကယ်ဆယ်ရေးအဖွဲ့ အင်အား ၇၀၀ ဖြင့် အုတ်ပုံများကြားမှ သေဆုံးသူများကို ဆွဲထုတ်ခဲ့ရတယ်လို့ CNA သတင်းတစ်ပုဒ်တွင်ဖော်ပြချက်အရ သိရပါတယ် ။
ည ၇ နာရီနောက်ဆုံးသတင်းအရ ပြိုကျနေတဲ့အုတ်ပုံများထဲက လူပေါင်း ၄၅ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရှိသူ ၇ ဦးနှင့်အခြား ဒဏ်ရာရှိသူ ၂၁ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့ဆိုပါတယ် ။
ပြိုကျမှုကြောင့်လူ ၁၇ ဦးသေဆုံးခဲ့ကြရပြီး တိုက်ပြိုကျရခြင်းအကြောင်းရင်းကတော့ ဆောက်လုပ်စဉ်က အရည်အသွေးမမှီသည့်အတွက် ပြိုကျရခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးများက သုံးသပ်ပြောဆိုထားကြောင်း သိရပါတယ် ။

0 comments:

Post a Comment