Monday, August 31, 2020

စက်ရုံ၊ အလုပ်ရုံများကျန်းမာရေးလမ်းညွှန်ချက်အတိုင်း မလိုက်နာပါက ပိတ်သိမ်းသည်အထိ အရေးယူမည် ကပ်ရောဂါကာလအတွင်း အလုပ်သမားများအား တရားစွဲဆိုမှုများကို ပြန်လည်သုံးသပ်ပေးမည်ဟုဆို

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ထားခြင်းမရှိကြောင်း ရှောင်တခင်စစ်ဆေးတွေ့ရှိပါက ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၌ COVID-19 ရောဂါကူး စက်မှုနှုန်းမြင့်တက်နေသည့်အ တွက် စက်ရုံ၊ အလုပ်ရုံများတွင် ယင်းရောဂါကာကွယ်ရေး ညွှန် ထားသည့်အချက်များ လိုက်နာ ခြင်းရှိ၊ မရှိကို တင်းတင်းကျပ် ကျပ် ရှောင်တခင် စစ်ဆေးသွား မည်ဟု သြဂုတ် ၃၀ ရက်က အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များနှင့်တွေ့ဆုံ ပွဲအပြီး ပြည်ထောင်စုဝန်ကြီးက သတင်း ထောက်များအား ပြောကြားခြင်း ဖြစ်သည်။
‘‘သတ်မှတ်ကျန်းမာရေးလမ်းညွှန်ချက်ချိုးဖောက်မှုများရှိရင်လည်းသူ့အတိုင်းအတာအရသတ်မှတ်ဆောင်ရွက် မှုတွေလုပ် ဆောင်သွားမှာ ဖြစ်တယ်လို့။ကျန်းမာရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာကော်မတီရဲ့အပေါ် မူ တည်ပြီးတော့ ပြုပြင်လို့ရတဲ့ကိစ္စ တွေပြုပြင်ခိုင်းမှာဖြစ်ပြီး ပြုပြင် လို့မရရင် ပိတ်သိမ်းသည်အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
COVID-19 ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာချိန်တွင် နိုင်ငံအကြီးအကဲများကလည်း လုပ်သားအင်အားများသည့် စက် ရုံ၊ အလုပ်ရုံများ၌ ယင်းရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်နေကြ ကြောင်း ဝန်ကြီးဦးသိန်းဆွေက ပြော သည်။
ပြီးခဲ့သည့်တစ်ပတ်က တောင်ဒဂုံစက်မှုဇုန်ရှိ လုပ်သား အင်အား ၆၀၀ ခန့်ဖြင့် လည်ပတ် နေသောစက်ရုံတစ် ရုံရှိ အလုပ် သမားအိပ်ဆောင်တွင် စစ်တွေ မြို့မှ လာရောက်သူတစ်ဦးတည်းခိုခဲ့ခြင်းကြောင့် ယင်းအလုပ်သ မားများအား ကျန်းမာရေးစစ် ဆေးမှုပြုလုပ်ခဲ့ရပြီး အားလုံးမှာ ပိုးမရှိကြောင်းတွေ့ရှိခဲ့ကြောင်း ၎င်းကဆို သည်။
စက်ရုံ၊ အလုပ်ရုံများမှ CO-VID-19 ရောဂါကူးစက်မှုမရှိ သေးသည့်အတွက် စိတ်သက် သာရာရပြီး ယင်းအခြေ အနေကို ဆက်လက်ထိန်းသိမ်းရန် ၎င်းက တိုက်တွန်းသည်။
‘‘အခုလေ့လာချက်အရစက်ရုံတွေမှာဆိုရင် တစ်နေ့ကို လေး၊ ခါလောက် စပီကာတွေနဲ့ဆောင်း ဘောက်တွေနဲ့ အသိပညာပေးမှု တွေလုပ်နေတယ်။ အခုအချိန်မှာ အလုပ်သမားတွေရော၊ ပြည်သူ တွေရော ပြန်ပြီးတော့မှ ဒီရောဂါ ရဲ့ဖြစ်ပေါ်မှုကို စိုးရိမ်လာကြတဲ့ အတွက် တော်တော်များများ ထိန်းသိမ်းလာကြတာ တွေ့ရပါ တယ်’’ ဟု ဦးသိန်းဆွေကပြော သည်။
သို့သော် မြေပြင်အခြေအနေ တွင် စက်ရုံ၊ အလုပ်ရုံအများစုတွင် COVID-19 ရောဂါ ကာကွယ်မှု လုပ်ငန်းများ အားနည်းလာသည် ဟု အလုပ်သမားခေါင်းဆောင် အချို့က ထောက်ပြသည်။
ထို့အပြင် COVID-19 ကပ် ရောဂါကာလအတွင်း အလုပ်သ မားရေးရာဌာနများက အလုပ်သ မားများအား တရားစွဲဆိုထားမှု များကို ပြန်လည်သုံးသပ်ပေးမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။
COVID-19 ကပ်ရောဂါ ကာလအတွင်း အလုပ်သမားများ နှင့် အလုပ်သမားအရေးဆောင် ရွက်နေသူများက လုပ်ငန်းခွင် အငြင်းပွားမှုများနှင့်ပတ်သက်၍ စက်ရုံရှေ့တွင် လူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုခြင်း၊ စက်ရုံ အတွင်းဝင်ရောက်၍ ပစ္စည်းများဖျက်ဆီးမှုဖြစ်စဉ်အချို့ရှိခဲ့ကာ ဦးဆောင်သူများအား အလုပ်သ မားရေးရာဌာနများက တရားလို ပြုလုပ်၍ တရားစွဲဆိုထားသည်။
‘‘ကျွန်တော်တို့ အလုပ်သ မားတွေအပေါ်မှာ ဘယ်လိုမှ ရန် ငြိုးရန်စမရှိပါဘူး။ ဥပဒေအရပဲ ထိန်းသိမ်းချင်တဲ့ အနေအထားပဲ ရှိပါတယ်။ ဒီကိစ္စတစ်ခုချင်းစီကို ပြန်လည်ပြီးတော့ ဆောင်ရွက် ပေးပါမယ်။ ကိုဗစ်ကာလမှာ မထိန်းသိမ်းဘူးဆိုရင် မလိုလားအပ်တဲ့ပြန့်ပွားမှုတွေဖြစ်ရင် အား လုံးအတွက် ထိခိုက်မှုတွေရှိနိုင် တဲ့အတွက် ကျွန်တော်တို့ မလွှဲမ ရှောင်သာ ဆောင်ရွက်ခြင်းဖြစ်ပါ တယ်’’ဟု ဦးသိန်းဆွေက ပြော သည်။
ကပ်ရောဂါကာလအတွင်း အလုပ်သမားများ တရားစွဲဆိုခံ ထားရသည့်အမှု ၃၀ ကျော်နှင့် တရားစွဲဆိုခံရသူ ၁၀၀ ကျော်ရှိ ကြောင်း မြန်မာနိုင်ငံစက်မှုလက် မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူး ချုပ် ကိုသက်နှင်းအောင်ကဆို သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီး က အလုပ်သမားများအား တရား စွဲဆိုထားမှုကို ပြန်လည်သုံးသပ် ပေးမည်ဆိုသည့်စကားအား ကြို ဆိုအသိအ မှတ်ပြုကြောင်း ကို သက်နှင်းအောင်က ပြောသည်။
‘‘ပြန်ပြီးသုံးသပ်ပေးမယ်ဆိုတဲ့အပေါ် အကောင်းဘက်က မျှော်လင့်ပါတယ်’’ ဟု ကိုသက် နှင်းအောင်က ပြောသည်။
Ref ; 7Day

0 comments:

Post a Comment