Monday, August 31, 2020

ဘဲလာရုစ်နိုင်ငံ၏ မြို့တော်သို့ စစ်ယာဉ်များ ချီတက်လာ

ဘဲလာရုစ်နိုင်ငံရဲ့ မြို့တော်မင့်စ်ခ်ဆီကို ဦးတည်သွားနေတဲ့ စစ်တပ်သုံး သံချပ်ကာ ကားတန်းရှည်ကို သြဂုတ် ၃၀ ရက်က တွေ့ရတာပါ။ ထောင်သောင်းချီနေတဲ့ နိုင်ငံသားတွေက သမ္မတအိမ်တော်နားမှာ ဆန္ဒပြရင်း သမ္မတ ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။
ဩဂုတ် ၃၀ ရက်က အသက် ၆၆ နှစ်ပြည့်တဲ့ သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ သြဂုတ် ၉ ရက်က ရွေးကောက်ပွဲနိုင်ပြီးတည်းက သီတင်းပတ်ချီ ကြာနေတဲ့ ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေရတာပါ။
မဲလိမ်တယ်လို့ အတိုက်အခံတွေက စွပ်စွဲနေပြီး သူကတော့ စွဲချက်ကို ငြင်းရင်း ဆန္ဒပြပွဲတွေကို ပြည်ပက ထောက်ပံ့နေတယ်လို့လည်း ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မွေးနေ့မှာ ဖုန်းခေါ် ဆုတောင်းပေးမှုကို အကြောင်းပြပြီး လူကာရှန်ကို ကို မော်စကိုမြို့တော်ဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားပါတယ်။
ဒါဟာ အနောက်ဥရောပနိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်မှုအသစ် ချမှတ်မယ့် ခြိမ်းခြောက်မှုတွေ မတည်ငြိမ်မှုတွေကြားမှာ လူကာရှန်ကို ကို ရုရှားအစိုးရက ကျောထောက်နောက်ခံပေးဖို့ လိုလားကြောင်းပြတဲ့ လက္ခဏာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
သမ္မတအိမ်တော်ပတ်လည်မှာ နေရာယူထားတဲ့ ဆန္ဒပြသူတွေက ‘မွေးနေ့မှာ ပျော်ရွှင်ပါစေ ကြွက်ကြီးရေ’ လို့ ကြွေးကြော်နေချိန်မှာ အိမ်တော်ကို အချုပ်ကားတွေ၊ အဓိကရုဏ်း နှိမ်နင်းရေးသုံး ရေအမြောက်တွေနဲ့ ဒိုင်းတွေကို ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေကြပါတယ်။
Ref ; DVB

0 comments:

Post a Comment