Sunday, August 30, 2020

နေပြည်တော်သို့ လာရောက်မည့်သူများ ကျန်းမာရေး ထောက်ခံစာမလိုဘဲ ခေါ်စာပြရမည်

နေပြည်တော်သို့ လာရောက်မည့်သူများ ကျန်းမာရေး ထောက်ခံစာမလိုဘူးလို့ နေပြည်တော် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရပါတယ်။
နေပြည်တော်သို့ဝင်ရောက်လာသူများအနေဖြင့် အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခရီး သွားလာခွင့်အမိန့် MO ပြသနိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် အစိုးရ / ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် နိုင်ငံခြားသားများ /လူပုဂ္ဂိလ်များ / အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာပြည်ထောင် စု အစိုးရ အဖွဲ့ / ဝန်ကြီးဌာန ၏ ခေါ်စာပြသနိုင်ရမယ်လို့ဆိုပါတယ်။
ယင်းအပြင် ပုဂ္ဂလိက ကုမ္ပဏီများ / ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်သည့် နေရာ ရပ်ကွက်မှ အဆိုပါ နေရာတွင် မိမိအမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာပြသရပါမည် (၇) ရက်အတွင်းသာ အဆိုပါ ထောက်ခံစာသည် တရားဝင်ပါသည် ( နိုင်ငံခြားသားဖြစ်ပါက passport / visa ပါပူးတွဲပြသရပါမည် )ဖြစ်ပါတယ်။
သို့သော် ရခိုင်ပြည်နယ်ပြန်/ နိုင်ငံခြားပြန် ဖြစ်ပါက ပြန်လာသူမှန်သမျှ Q ဝင်ရမည်ဖြစ်ပြီး ကျန်းမာရေး ထောက်ခံစာ / ကျန်းမာကြောင်းထောက်ခံစာ လုံးဝ မလိုဘူးလို့ ဆိုပါတယ်။
အသေးစိတ်သိရှိလိုပါကပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနEOC ဖုန်း ( 067- 550294) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment