Saturday, August 29, 2020

လူမှုကွန်ရက်တွင်စိတ်ဝင်စားနေကြသည့် ကျောက်ဆည်မြို့ အဝင်ဓာတ်မီးတိုင်များတွင်ချိတ်ဆွဲထားသည့် ငရုတ်သီးတောင့်များမှာ အလှဆင်ခြင်းသာဖြစ်ဟုဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုအဝင် လျှပ်စစ်ဓာတ်မီးတိုင်များ တွင်ချိတ်ဆွဲတပ်ဆင်ထားသည့် ငရုတ်သီးတောင့်များအပေါ် လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားလျက်ရှိရာ ၎င်းမှာ အလှဆင်ချိတ်ဆွဲထားခြင်းသာဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သြဂုတ်လ ၂၄ ရက်က ပြောသည်။
ကျောက်ဆည်မြို့အဝင်လမ်းတစ် လျှောက်ရှိ လျှပ်စစ်ဓာတ်မီးတိုင်များတွင်ငရုတ်သီးတောင့်များ အလှဆင်တွဲချိတ် ထားခြင်းအပေါ် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦး ခင်မောင်မြင့်က ” လူမှုကွန်ရက်မှာ လူ တော်တော်များများစိတ်ဝင်စားနေတဲ့ ဓာတ်မီးတိုင်မှာ ငရုတ်သီးတောင့်ချိတ်ဆွဲ ရခြင်းအကြောင်းက ဘယ်လိုသဘောလဲ ဆိုတော့ အလှချိတ်ဆွဲထားတဲ့သဘောပဲ လုပ်ထားတာပါ။ ရည်ရွယ်ချက်ကလည်း ဘာမှမရှိပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါငရုတ်သီးတောင့်များကို တွဲ ဆိုင်းလေးများပြုလုပ်ကာ ကျောက်ဆည် မြို့အဝင် လမ်းလယ်မီးတိုင် ၃၃ တိုင်တွင် အလှဆင်ချိတ်ဆွဲထားခြင်းဖြစ်ရာ ကျောက်ဆည်မြို့သို့ လာရောက်သည့် ခရီးသွားဧည့်သည်များအနေနှင့် အမြင် ဆန်းသစ်မှုတစ်ခုကိုရရှိစေရန် အလှဆင် လုပ်ဆောင်ထားကြောင်း သိရသည်။
” ခုလိုငရုတ်သီးတောင့်လေးတွေသီ ပြီးတော့ လမ်းလယ်မီးတိုင်တွေမှာချိတ်ဆွဲ ထားတာက ဘယ်လိုရည် ရွယ်ချက်ထား တယ် ပြောနေကြ ဆိုနေကြတာတွေ အွန်လိုင်းမှာတွေ့နေရတယ်။ ကျွန်တော်ထင် တာကတော့ ကျောက်ဆည်ဒေသကထွက် ရှိတဲ့ငရုတ်သီးတွေက မြန်မာပြည်အနှံ့အ ပြားတင်ပို့ရောင်းချနေရတဲ့အပြင် ပြည်ပ ပို့ကုန်အထိပါ တင်ပို့ရောင်းချနိုင်တဲ့အထိ စိုက်ပျိုးထုတ်လုပ်လာနိုင်တယ်ဆိုတဲ့ အထိမ်းအမှတ်တစ်ခုလိုတော့ထင်မိတယ်။ သက်ဆိုင်သူတွေက ဘာမှမရည်ရွယ် လည်း မြို့ထွက်သီးနှံအတွက် ပြယုဂ် တစ်ခုလို့ပဲသဘောထားပါတယ်” ဟု ကျောက်ဆည်မြို့ခံ လူမှုကူညီရေးဆောင် ရွက်နေသူ ကိုဟင်္သာကဆိုသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment