Saturday, August 29, 2020

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများလေ့လာကြရန် ဦးသောင်းအေး တိုက်တွန်း

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုသိရှိမှသာ လာမည့် ၂၀၂၀ အထွေအထွေရွေး ကောက်ပွဲတွင် မသမာမှုများကို သိရှိနားလည်ပြီး တိုင်ကြားနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလေ့လာကြရန် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက် တွန်းပြောကြားလိုက်သည်။
ယနေ့ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အချို့နှင့် တွေ့ဆုံရာ၌ ဦးသောင်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို သိရှိနားလည်ဖို့လိုတယ်။ အဲ့ဒါမှ ဘယ်လိုလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သိရှိနားလည်မှာဖြစ်တယ်။ မသမာမှုတွေပြုလုပ်ရင်လည်း တိုင်ကြားနိုင်မှာဖြစ်တယ်။ ဒါကြောင့် လေ့လာကြဖို့လိုတယ်” လို့ ဦးသောင်းအေးကတိုက်တွန်းပြောကြားလိုက်သည်။
ထို့ပြင် ပြည်သူများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း သတိရှိရှိနေထိုင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပါတီဝင်အချို့ တက်ရောက်ခဲ့ကြသည်။
Ref ; Competitor

0 comments:

Post a Comment