Saturday, August 29, 2020

Covid-19 ကူးစက်မှု မြင့်တက်လာသောကြောင့် ရန်ကုန်တွင် နှာခေါင်းစည်းမတပ်ပါက ဒဏ်ပြန်ရိုက်မည်

ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်းနှာခေါင်းစည်းမတပ်ရင်ဒဏ်တပ် အရေးယူမယ့်အစီအစဉ် အခုရက်ပိုင်းအတွင်း ပြန်စမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေ ရှိလာပြီးနောက် မေလ ဒုတိယပတ်ကစပြီး ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အရေးယူတဲ့ အစီအစဉ် စတင်ခဲ့ပြီးနောက် ကူးစက်မှုအရှိန်လျော့သွားတဲ့ ဇူလိုင်နဲ့ သြဂုတ်လလယ်ပိုင်းတွေအထိ ဒဏ်ရိုက်တဲ့အစီအစဉ် ရပ်နားခဲ့တာပါ။
အခုသြဂုတ်လ တတိယပတ်ကစလို့ ပြည်တွင်းကူးစက်မှု တကျော့ပြန်တွေ့လာရပြီး ကူးစက်မှု အရှိန်မြင့်လာတာကြောင့် လူနေထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို အခုရက်ပိုင်းအတွင်း ပြန်လည်စတင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမှာ ပြည်တွင်းကူးစက်မှု အရှိန်မြင့်လာပြီးနောက် စစ်တွေက ပြန်လာတဲ့ ရန်ကုန်နေသူတချို့ ရောဂါပိုး ဘယ်ကကူးမှန်းမသိတဲ့ ပိုးတွေ့လူနာတွေလည်း ရှိလာပါတယ်။
မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေဖြစ်တဲ့နှာခေါင်း စည်းတပ်ဖို့၊ လူစုလူဝေးနေရာတွေမသွားဖို့ ဆိုတာတွေ ပြန်မရုပ်သိမ်းရသေးကြောင်း၊ အရေးယူခဲ့တဲ့ဖြစ်စဉ်တွေလည်း ထောင်နဲ့ချီရှိကြောင်း၊ အခုနောက်ပိုင်း ဆက်ပြီးအရေးအယူတော့တဲ့ အနေအထားမှာ ပေါ့လျော့လာတာကြောင့် ဆက်လက် အရေးယူသွားမယ်လို့ ဝန်ကြီးကပြောပါတယ်။
M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို မေလဒုတိယပတ်လောက်စပြီး တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ စတင်ခဲ့ပြီး ဈေးတွေအပြင် အများပြည်သူ သွားလာရာနေရာတွေမှာ နှာခေါင်းစည်း တပ်/မတပ် စစ်ဆေးပြီး ဒဏ်ရိုက်အရေးယူခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရန်ကုန်စည်ပင်၊ YRTA နဲ့ ပရတိတအဖွဲ့တွေ ပူးပေါင်းပြီး အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့ အသိပညာပေးစည်းရုံး လှုံ့ဆော်တာတွေလည်း လုပ်လာနေကြပါတယ်။
နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အရေးယူတဲ့ အစီအစဉ်ကို မေလဒုတိယပတ်ကစ ကျင့်သုံးခဲ့ပြီး ၃ လလောက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက လူပေါင်း ၂၉၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့တာ စုစုပေါင်းဒဏ်ငွေ သိန်း ၁၀၀၀ ကျော်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။
Ref ; DVB

0 comments:

Post a Comment