Sunday, August 30, 2020

မြန်မာနဲ့ နယ်စပ် ဝင်ပေါက်တွေကို ပိတ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံသယဖြစ်ဖွယ် ကိုဗစ်ဒုတိယလှိုင်းကြောင့် ရောဂါပျံ့နှံ့ကူးစက်မယ့်အရေး ကာကွယ်ဖို့အတွက် မြန်မာနဲ့နယ်စပ် ကန်ချနာဘူရီပြည်နယ် ဝင်ပေါက်လမ်းကြောင်းတွေအားလုံးကို ပိတ်ထားဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ထုတ်လိုက်ကြောင်း သိရပါတယ်။
ပိတ်ပင်ရမယ့် နယ်စပ်လမ်းကြောင်းတွေကတော့ မြောင်ခရိုင်ရှိ Phu Nam Ron စစ်ဆေးရေးဂိတ်၊ သာယွတ်ခရိုင်ရှိ ဘွန်ဒီ ဂိတ်၊ သောင်ဖာဖန်ခရိုင်ရှိ Ban E Tong ဝင်ပေါက်နဲ့ ဆန်ခလာဘူရီခရိုင်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်တို့ဖြစ်ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့(သြဂုတ် ၃၀) က အမှတ် ၁၀၄ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးချုပ် သာကတ်လော့ဆီရီဟာ မြောင်၊ ဆိုင်ယွတ်နဲ့ ဆန်ခလာဘူရီခရိုင်တွေမှ ခရိုင်အုပ်ချုပ်ရေးမှူးတွေ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ဘုရားသုံးဆူ နယ်စပ်ဂိတ် အနီးအနားဝန်းကျင်တွေမှာ COVID-19 ရောဂါ ကာကွယ်ဟန့်တားရေးအစီအမံတွေလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
လုံခြုံရေးဌာန၊ စစ်တပ်၊ ရဲ၊ လဝကနဲ့ ကျေးရွာလူကြီးတွေဟာ ဘန်နန်ကွတ် စစ်ဆေးရေးဂိတ်မှ ဘုရားသုံးဆူဧရိယာအထိ သဘာ၀၀င်ပေါက်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရပါတယ်။ ထိုင်းနဲ့ မြန်မာ ရွာသားတွေ နယ်စပ်ကိုဖြတ်ကျော်တဲ့ သဘာ၀ ဝင်ပေါက်လမ်းကြောင်း ၂၀ ကျော်ရှိနေတယ်လို့ဆိုပါတယ်။ ညပိုင်းတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ မဖြစ်အောင် စစ်တပ်က အဓိက ကင်းလှည့်စောင့်ကြည့်နေပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ် သတ်မှတ် ကုန်တင်ပို့နေရာကနေ ကုန်ပစ္စည်းတွေ အတင် အပို့လုပ်နိုင်မှာဖြစ်ကာ မြန်မာ အော်ပရေတာတွေကို ထိုင်းနိုင်ငံအတွင်း ကုန် ပို့ခွင့်ပြုမှာ မဟုတ်သလို ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ပို့ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။
>>zawgyi<<
မြန်မာနဲ့ နယ်စပ် ဝင်ပေါက်တွေကို ပိတ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံသယဖြစ်ဖွယ် ကိုဗစ်ဒုတိယလှိုင်းကြောင့် ရောဂါပျံ့နှံ့ကူးစက်မယ့်အရေး ကာကွယ်ဖို့အတွက် မြန်မာနဲ့နယ်စပ် ကန်ချနာဘူရီပြည်နယ် ဝင်ပေါက်လမ်းကြောင်းတွေအားလုံးကို ပိတ်ထားဖို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ထုတ်လိုက်ကြောင်း သိရပါတယ်။
ပိတ်ပင်ရမယ့် နယ်စပ်လမ်းကြောင်းတွေကတော့ မြောင်ခရိုင်ရှိ Phu Nam Ron စစ်ဆေးရေးဂိတ်၊ သာယွတ်ခရိုင်ရှိ ဘွန်ဒီ ဂိတ်၊ သောင်ဖာဖန်ခရိုင်ရှိ Ban E Tong ဝင်ပေါက်နဲ့ ဆန်ခလာဘူရီခရိုင်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်တို့ဖြစ်ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့(သြဂုတ် ၃၀) က အမှတ် ၁၀၄ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးချုပ် သာကတ်လော့ဆီရီဟာ မြောင်၊ ဆိုင်ယွတ်နဲ့ ဆန်ခလာဘူရီခရိုင်တွေမှ ခရိုင်အုပ်ချုပ်ရေးမှူးတွေ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ဘုရားသုံးဆူ နယ်စပ်ဂိတ် အနီးအနားဝန်းကျင်တွေမှာ COVID-19 ရောဂါ ကာကွယ်ဟန့်တားရေးအစီအမံတွေလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
လုံခြုံရေးဌာန၊ စစ်တပ်၊ ရဲ၊ လဝကနဲ့ ကျေးရွာလူကြီးတွေဟာ ဘန်နန်ကွတ် စစ်ဆေးရေးဂိတ်မှ ဘုရားသုံးဆူဧရိယာအထိ သဘာဝဝင်ပေါက်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရပါတယ်။ ထိုင်းနဲ့ မြန်မာ ရွာသားတွေ နယ်စပ်ကိုဖြတ်ကျော်တဲ့ သဘာဝ ဝင်ပေါက်လမ်းကြောင်း ၂၀ ကျော်ရှိနေတယ်လို့ဆိုပါတယ်။ ညပိုင်းတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ မဖြစ်အောင် စစ်တပ်က အဓိက ကင်းလှည့်စောင့်ကြည့်နေပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ် သတ်မှတ် ကုန်တင်ပို့နေရာကနေ ကုန်ပစ္စည်းတွေ အတင် အပို့လုပ်နိုင်မှာဖြစ်ကာ မြန်မာ အော်ပရေတာတွေကို ထိုင်းနိုင်ငံအတွင်း ကုန် ပို့ခွင့်ပြုမှာ မဟုတ်သလို ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ပို့ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment