နောင်တွင် မြို့ရှောင်လမ်း ဖောက်ပါက ခြံစည်းရိုပါ တစ်ပါတည်း ခတ်မည်ဖြစ်သည့်အတွက် မြို့ရှောင်လမ်းဘေးတွင် ဝယ်သူများအနေဖြင့် ငွေကြေးများသာ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောကြားခဲ့သည်။
‘‘ဒီနေရာမှာ နာယကကြီး ကတစ်ဆင့် ကျွန်တော်တင်ပြလိုတာ ကတော့ မြို့ရှောင်လမ်းတွေဖောက် တယ်ဆိုတဲ့ ရည်ရွယ်ချက်က မြို့ တွင်းမှာရှိတဲ့ စက်ဘီးတွေ၊ ဆိုက် ကားတွေ၊ လူစီးယာဉ်တွေ စသည် ဖြင့် ဒီနေရာမှာ ယာဉ်မတော်တဆ ထိခိုက်မှုမဖြစ်အောင်ရယ်၊ နောက် သွားလိုရာခရီးကို အချိန်တိုအတွင်း သွားနိုင်အောင် ဒီမြို့ရှောင်လမ်းတွေ ကို ဖောက်လုပ်တာဖြစ်ပါတယ်။ သို့သော်လည်းပဲ စီးပွားရေးသမား တွေက မြို့ရှောင်လမ်းဖောက်လိုက် တာနဲ့ အဲဒီလမ်းဘေးမှာရှိတဲ့ လယ် တွေ ယာတွေကိုဝယ်ပြီးတော့ အဲဒီ နေရာမှာ တည်းခိုခန်းကြီးတွေ၊ စား သောက်ဆိုင်ကြီးတွေ စသည်ဖြင့် အိမ်ရာတွေ ဆောက်မယ်ဆိုရင် ကျွန် တော်တို့ရဲ့ ရည်ရွယ်ချက် ပျောက် သွားမှာဖြစ်ပါတယ်။ လူမြန်မြန်သွား ချင်တဲ့ မြို့ရှောင်လမ်းဟာ နောက် ကျတော့ မြို့ပြန်ဖြစ်သွားပြီးတော့မှ နောက်ထပ်မြို့ရှောင်လမ်း တစ်လမ်း ထပ်ဖောက်ရမလို ဖြစ်သွားပါတယ်။ ဒါကြောင့် နောင်ဆိုရင် မြို့ရှောင် လမ်းဖောက်ပြီဆိုရင် မြို့ရှောင်လမ်း တစ်လျှောက် ခြံစည်းရိုးခတ်လိုက် မှာဖြစ်ပါတယ်’’ဟု ၎င်းကတင်ပြခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင် စုလွတ်တော် ၁၇ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မြို့ရှောင်လမ်း ဖောက်လုပ်နေစဉ် အဆိုပါလမ်းဘေး ရှိ လယ်ယာမြေများကိုဝယ်ယူပြီး တည်းခိုခန်းနှင့် စားသောက်ဆိုင်များ ဆောက်လုပ်ခြင်းကို တင်ပြခြင်းဖြစ်သည်။
အဆိုပါမြို့ရှောင်လမ်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှလည်း မြို့ရှာင်လမ်းဖောက်လုပ်လျှင် အဆို ပါလမ်းဘေး၌ မြေကွက်ဝယ်ယူပြီး မည်သည့်အဆောက်အအုံမှ ဆောက် လုပ်ခြင်းကို ခွင့်ပြုမပေးရန်၊ ဝယ်ယူ သူများအနေနှင့်လည်း မိမိတို့ငွေ ကြေးများသာ ဆုံးရှုံးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
crd-weeklyheadline #Myanmar_Online_News
>>Zawgyi<<
မြို့ရှောင်လမ်းများဖောက်ပြီဆိုလျှင် ခြံစည်းရိုးခတ်မည်ဖြစ်၍ မြို့ရှောင်လမ်းဘေးဝယ်ယူသူများ ငွေကြေးဆုံးရှုံးမည်
Monday, August 3, 2020
နောင်တွင် မြို့ရှောင်လမ်း ဖောက်ပါက ခြံစည်းရိုပါ တစ်ပါ တည်း ခတ်မည်ဖြစ်သည့်အတွက် မြို့ရှောင်လမ်းဘေးတွင် ဝယ်သူများ အနေဖြင့် ငွေကြေးများသာ ဆုံးရှုံး သွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောကြားခဲ့သည်။
‘‘ဒီနေရာမှာ နာယကကြီး ကတစ်ဆင့် ကျွန်တော်တင်ပြလိုတာ ကတော့ မြို့ရှောင်လမ်းတွေဖောက် တယ်ဆိုတဲ့ ရည်ရွယ်ချက်က မြို့ တွင်းမှာရှိတဲ့ စက်ဘီးတွေ၊ ဆိုက် ကားတွေ၊ လူစီးယာဉ်တွေ စသည် ဖြင့် ဒီနေရာမှာ ယာဉ်မတော်တဆ ထိခိုက်မှုမဖြစ်အောင်ရယ်၊ နောက် သွားလိုရာခရီးကို အချိန်တိုအတွင်း သွားနိုင်အောင် ဒီမြို့ရှောင်လမ်းတွေ ကို ဖောက်လုပ်တာဖြစ်ပါတယ်။ သို့သော်လည်းပဲ စီးပွားရေးသမား တွေက မြို့ရှောင်လမ်းဖောက်လိုက် တာနဲ့ အဲဒီလမ်းဘေးမှာရှိတဲ့ လယ် တွေ ယာတွေကိုဝယ်ပြီးတော့ အဲဒီ နေရာမှာ တည်းခိုခန်းကြီးတွေ၊ စား သောက်ဆိုင်ကြီးတွေ စသည်ဖြင့် အိမ်ရာတွေ ဆောက်မယ်ဆိုရင် ကျွန် တော်တို့ရဲ့ ရည်ရွယ်ချက် ပျောက် သွားမှာဖြစ်ပါတယ်။ လူမြန်မြန်သွား ချင်တဲ့ မြို့ရှောင်လမ်းဟာ နောက် ကျတော့ မြို့ပြန်ဖြစ်သွားပြီးတော့မှ နောက်ထပ်မြို့ရှောင်လမ်း တစ်လမ်း ထပ်ဖောက်ရမလို ဖြစ်သွားပါတယ်။ ဒါကြောင့် နောင်ဆိုရင် မြို့ရှောင် လမ်းဖောက်ပြီဆိုရင် မြို့ရှောင်လမ်း တစ်လျှောက် ခြံစည်းရိုးခတ်လိုက် မှာဖြစ်ပါတယ်’’ဟု ၎င်းကတင်ပြခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင် စုလွတ်တော် ၁၇ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မြို့ရှောင်လမ်း ဖောက်လုပ်နေစဉ် အဆိုပါလမ်းဘေး ရှိ လယ်ယာမြေများကိုဝယ်ယူပြီး တည်းခိုခန်းနှင့် စားသောက်ဆိုင်များ ဆောက်လုပ်ခြင်းကို တင်ပြခြင်းဖြစ်သည်။
အဆိုပါမြို့ရှောင်လမ်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှလည်း မြို့ရှာင်လမ်းဖောက်လုပ်လျှင် အဆို ပါလမ်းဘေး၌ မြေကွက်ဝယ်ယူပြီး မည်သည့်အဆောက်အအုံမှ ဆောက် လုပ်ခြင်းကို ခွင့်ပြုမပေးရန်၊ ဝယ်ယူ သူများအနေနှင့်လည်း မိမိတို့ငွေ ကြေးများသာ ဆုံးရှုံးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
crd-weeklyheadline #Myanmar_Online_News
0 comments:
Post a Comment