မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုများပြန်လည်မြင့်တက်လာသည့်အတွက်ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာန၊ ပြင်ပလူနာဌာနတွင် ပြသရမည့် လချိန်းလူနာကြည့်ရှုခြင်းကို စက်တင်ဘာလ တစ်လ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြင်ပလူနာကြည့်ရှုခြင်းကို လူနာအသစ်များအတွက် တစ်ရက်လျှင် ဦးရေ ၂၀ သာ လက်ခံ ကြည့်ရှု့မည်ဖြစ်ပြီး ကင်ဆာဆေးသွင်းလူနာများကိုလည်း နံနက် ၈နာရီမှ ၁၂ နာရီအထိ တစ်ရက်လျှင် ၇၅ ဦးသာ လက်ခံကြည့့်ရှု့မည်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
သွေးအဖြေ(Day 10)ပြမည့်လူနာများအနေဖြင့် ဆေးသွင်းစာရွက်ပေါ်တွင်ဖော်ပြထားသောviber နံပါတ်သို့ ဆေးသွင်းစာရွက်နှင့်သွေးအဖြေဓာတ်ပုံရိုက်ပြီး အစိုးရရုံးပိတ်ရက်များမပါ နံနက် ၉နာရီမှ ၁၂နာရီ အတွင်းပေးပို့နိုင်ကြောင်း သိရပါတယ်။
လချိန်းလူနာ(follow up)ကြည့်ရှုခြင်းကိုတော့ အရေးပေါ်အခြေအနေမဟုတ်ပါက စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြန်လည်ကြည့်ရှု့မည့်ရက်ကို ကြေညာပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆေးပညာဌာန၏ ကြေညာချက်မှာဖော်ပြထားပါတယ်။
Crd : MyanmaPlatform
0 comments:
Post a Comment