Monday, August 3, 2020

ဘောလီးဝုဒ်စူပါစတား မင်းသား အမီတာဘက်ချန်း ကိုဗစ်ရောဂါပိုး ထပ်မံမတွေ့၍ ဆေးရုံဆင်းခွင့်ရ

ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဘောလီးဝုဒ်စူပါစတား မင်းသား အမီတာဘက်ချန်း ကျန်းမာရေးပြန်လည် သက်သာလာခဲ့ပြီး အခုလ(၂)ရက်နေ့က အမီတာဘက်ချန်းကို ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးခဲ့ပြီး၊ ပိုးမတွေ့တဲ့အတွက် ဆင်းရုံက ဆင်းခွင့်ရခဲ့တယ်လို့ သူကပြောပါတယ်။
အစောပိုင်းတုန်းက‌တော့ အမီတာဘက်ချန်းဟာ ဆေးရုံမှာ ဆေးကုသခံနေတယ်လို့ သူရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားတွေကို ချီးကျူးပြောဆိုခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်းတွေက သူဆေးရုံဆင်းမယ့်နေ့ကို သူ့ကို မြင်ရနိုင်တဲ့နေ့လို့ ပြောကြပါတယ်။
အမီတာဘက်ချန်းနဲ့ သူ့မိသားစုအားလုံးဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှု ပြန်လုပ်ခဲ့ရပြီး ပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် မင်းသားဖြစ်တဲ့ သူ့သားကလွဲလို့ ကျန်တဲ့သူတွေအားလုံး ပြန်လည်သက်သာလာပြီး၊ သူ့သားကတော့ မွမ်ဘိုင်း ဆေးရုံမှာ ဆက်လက် ဆေးကုသနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကူးစက်မှုအများဆုံး တတိယနိုင်ငံဖြစ်နေပြီး၊ သေဆုံးသူစုစုပေါင်း (၃)သောင်း(၈)ထောင်ကျော်၊ ကူးစက်သူစုစုပေါင်း( ၁) သန်း(၈) သိန်းကျော် ရှိတယ်လို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment