Tuesday, August 4, 2020

ထားဝယ်မြို့နယ်ရှိ လမ်းရေကျော်မှုဖြစ်ပွားခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်၊ ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းနှင့် ရေး-ထားဝယ်သွားကားလမ်းများပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ကားလမ်းဘေးရှိ တလိုင်းတောင်ကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာ တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့် အန္တရာယ်မဖြစ်စေရေးအတွက် ယဉ်ကြောများရှင်းလင်းပေးခြင်း၊ ရေဝင်ရောက်ခဲ့သည့်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်မှသတင်းအရ သိရှိရသည်။

>>Zawgyi<<

0 comments:

Post a Comment