Monday, August 3, 2020

အချိန်ကာလ အခက်အခဲ့ကြောင့် အိန္ဒိယအစိုးရထံ မတ်ပဲတင်သွင်းမှု အချိန်တိုးပေးရန် မြန်မာတောင်းဆို

မတ်ပဲတင်သွင်းမှု အချိန်ကန့်သတ်ချက် ထပ်မံတိုးပေးရန် အိန္ဒိယအစိုးရကို စီးပွား ကူးသန်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့်နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းရန် အချိန်သုံးလသတ် မှတ်ပြီး သြဂုတ်လ အကုန်တွင် အဆုံးသတ်ရန် မူလက ကြေညာချက်ထုတ်ပြန်ထားသည်။ ထိုကြေညာချက်က အိန္ဒိယမှ ပဲတင်သွင်းသည့် ကုန်သည်များနှင့် မြန်မာနိုင်ငံမှ မတ်ပဲရောင်းချသည့် ကုန်သည်များအတွက် အခက်အခဲများဖြစ်နေတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်းတို့က မတ်ပဲ တင်သွင်းခြင်း အချိန်ကန့်သတ် ချက်တိုးမြှင့်ပေးရန် အိန္ဒိယအစိုးရ ထံ တောင်းဆိုခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ အိန္ဒိယ အစိုးရဘက်မှ တုံ့ပြန်မှုမရရှိသေးကြောင်း ဦးမင်းကိုဦးက သြဂုတ် ၂ ရက်တွင် ပြောသည်။
လက်ရှိ အိန္ဒိယသို့ မတ်ပဲ တင်သွင်းမှုက လျာထားချက် တန်ချိန်၏ ၂၀ ရာခိုင်နှုန်းကျော် (တန်ချိန်ရှစ်သောင်းကျော်) သာ တင်ပို့ထားနိုင်ကြောင်း ပြည်ပပဲ တင်ပို့နေသည့် လုပ်ငန်းရှင်အချို့ ကပြောသည်။ မြန်မာမှ အိန္ဒိယသို့ ပဲတင်ပို့နိုင်သည့်ပမာဏက တစ်လလျှင် တန်ချိန်ခုနစ်သောင်းမှ ရှစ်သောင်းအကြားရှိသည်။
ကမ္ဘာတွင် မတ်ပဲကို မြန်မာ နှင့် အိန္ဒိယတွင်သာ စိုက်ပျိုးခြင်းကြောင့် သိရသည်။
လက်ရှိ အိန္ဒိယကုန်သည် များ၏ ဝယ်လိုအား အနည်းငယ် သာရှိသဖြင့် ပြည်တွင်း၌ မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်း တည်ငြိမ်နေသည်။ ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ် ၉၄၅,၀၀၀၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၈၀၀,၀၀၀ ဈေးဖွင့်သည်။
အိန္ဒိယတွင် အမှန်တကယ် မတ်ပဲလိုအပ်ချက်များမည်ဆိုလျှင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတင်သွင်းမှုကို အချိန် ထပ်မံတိုးပေးနိုင်မည်ဟု ပြည် တွင်းပဲကုန်သည်အချို့က ပြောသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
အချိန်ကာလ အခက်အခဲ့ကြောင့် အိန္ဒိယအစိုးရထံ မတ်ပဲတင်သွင်းမှု အချိန်တိုးပေးရန် မြန်မာတောင်းဆို
Monday, August 3, 2020
မတ်ပဲတင်သွင်းမှု အချိန်ကန့်သတ်ချက် ထပ်မံတိုး ပေးရန် အိန္ဒိယအစိုးရကို စီးပွား ကူးသန်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တောင်းဆိုထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ နှင့်နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းရန် အချိန်သုံးလသတ် မှတ်ပြီး သြဂုတ်လ အကုန်တွင် အဆုံးသတ်ရန် မူလက ကြေညာချက်ထုတ်ပြန်ထားသည်။ ထိုကြေညာချက်က အိန္ဒိယမှ ပဲတင် သွင်းသည့် ကုန်သည်များနှင့် မြန်မာနိုင်ငံမှ မတ်ပဲရောင်းချသည့် ကုန်သည်များအတွက် အခက်အခဲများဖြစ်နေတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်းတို့က မတ်ပဲ တင်သွင်းခြင်း အချိန်ကန့်သတ် ချက်တိုးမြှင့်ပေးရန် အိန္ဒိယအစိုးရ ထံ တောင်းဆိုခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ အိန္ဒိယ အစိုးရဘက်မှ တုံ့ပြန်မှုမရရှိသေးကြောင်း ဦးမင်းကိုဦးက သြဂုတ် ၂ ရက်တွင် ပြောသည်။
လက်ရှိ အိန္ဒိယသို့ မတ်ပဲ တင်သွင်းမှုက လျာထားချက် တန်ချိန်၏ ၂၀ ရာခိုင်နှုန်းကျော် (တန်ချိန်ရှစ်သောင်းကျော်) သာ တင်ပို့ထားနိုင်ကြောင်း ပြည်ပပဲ တင်ပို့နေသည့် လုပ်ငန်းရှင်အချို့ ကပြောသည်။ မြန်မာမှ အိန္ဒိယသို့ ပဲတင်ပို့နိုင်သည့်ပမာဏက တစ်လလျှင် တန်ချိန်ခုနစ်သောင်းမှ ရှစ်သောင်းအကြားရှိသည်။
ကမ္ဘာတွင် မတ်ပဲကို မြန်မာ နှင့် အိန္ဒိယတွင်သာ စိုက်ပျိုးခြင်းကြောင့် သိရသည်။
လက်ရှိ အိန္ဒိယကုန်သည် များ၏ ဝယ်လိုအား အနည်းငယ် သာရှိသဖြင့် ပြည်တွင်း၌ မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်း တည်ငြိမ်နေသည်။ ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ် ၉၄၅,၀၀၀၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၈၀၀,၀၀၀ ဈေးဖွင့်သည်။
အိန္ဒိယတွင် အမှန်တကယ် မတ်ပဲလိုအပ်ချက်များမည်ဆိုလျှင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတင်သွင်းမှုကို အချိန် ထပ်မံတိုးပေးနိုင်မည်ဟု ပြည် တွင်းပဲကုန်သည်အချို့က ပြောသည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment