Monday, August 3, 2020

ဖားကန့်မြို့နယ်ရှိ မူလတန်းကျောင်းဝင်းတစ်ခုတွင် မြေသားအက်ကွဲ၍ ကျောင်းဆောင်ကို နေရာပြောင်းရွှေ့မည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မက်လင်ချောင်ကျေးရွာ မူလတန်း ကျောင်းဝင်းတွင် ပေ ၁၇၀ ခန့်ရှိ မြေသားအက်ကွဲကြောင်းကြီးနှစ်ခု ဖြစ်ပေါ်လာမူကြောင့် ကျောင်းဆောင်ကို နေရာပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း ဖားကန့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
အဆိုပါအက်ကွဲကြောင်းသည် ကျောင်း၏ အရှေ့ဘက် YTT တောင်ကုန်း ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်များရှိရာဘက်သို့ ပြိုဆင်းကျသွားနိုင်သည့် အနေအထားရှိသည့်အတွက် ကျောင်းဆောင်ကို နေရာပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာမူလတန်းကျောင်းကို၂၀၁၅-၂၀၁၆ ပညာသင်နှစ်က ၁ ဒသမ ၈ ဧကခန့် ကျယ်ဝန်းသည့်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကာ ကျေးရွာမူလတန်းကျောင်းစတင်ဆောက် လုပ်ခဲ့စဉ်ကတည်းက မြေသားအက်ကြောင်းများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment