Friday, August 28, 2020

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်လုပ်ရပ်များရပ်တန့်ရန် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား သတိပေး

ဩဂုတ်လ ၂၇ ရက်နေ့တွင် တရုတ်တပ်မတော်မှ တရုတ်ရေပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သော အမေရိကန်ရေတပ်စစ်သင်္ဘောအား စောင့်ကြည့်ခဲ့ပြီး ထွက်ခွာရန်သတိပေးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် အကြီးတန်းဗိုလ်မှူးကြီး Li Huamin မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် USS Mustin သည် တောင်တရုတ်ပင်လယ်အတွင်း Xisha ကျွန်းရေပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါအပြုအမှုသည် လွှမ်းမိုးချယ်လှယ်သည့်အပြုအမှုတစ်ခုဖြစ်ပြီး နိုင်ငံတကာဉပဒေကို ချိုးဖောက်ရာကျကြောင်း Li Huamin မှ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် နိုင်ငံ၏အချုပ်အခြာအာဏာလုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မည်သည့်ဖြစ်ရပ်ကိုမဆို ကာကွယ်ရန်အတွက် စစ်ဌာနချုပ်မှ တရုတ်ရေပိုင်နက်နှင့် လေကြောင်းကို အနီးကပ်ဆက်လက်စောင့်ကြည့်သွားမည်ဖြစ် ကြောင်း Li Huamin မှ ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment