Covid-19 ကူးစပ်မှုမြန်ဆန်လာသောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခုံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်ဆိုင်းငံ့ထားကြောင်း သိရသည်။
“အဓိကတော့ Covid ကြောင့်လို့ယူဆရပါတယ်။ အခုဟာက ရက်ရွေ့တာမျိုးလည်း သူကမပြောဘူး။ သွားမယ့်ရက်ကို မသွားဖြစ်တာပဲရှိတာ။ အပြင်မှာတော့ Covid ကို ဒုတိယလှိုင်းလို့ သုံးနေကြပေမယ့် သူကတော့ ဒုတိယလှိုင်းလို့မသုံးသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနကလည်း မသုံးသေးဘူး။ အဓိကတော့ ကူးစပ်မှုမြန်ဆန်တာကြောင့် ဆိုင်းငံ့တယ်လို့ထင်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
Covid ကူးစပ်မှုမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာထိ ရာချီးကူးစပ်မှုကြောင့် ကူးစပ်မှု မြင့်တက်နေပြီး ရခိုင်ပြည်နယ်တွင်လည်း တင်းတင်းကြပ်ကြပ်စောင့်ရှောက်ကုသနေရကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် လားရှိုးသို့သွားရောက်ရန် ရှိသော်လည်း ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် Covid ကို ကူးစပ်မှုမြန်ဆန်လာသောကြောင့် စစ်တွေမြို့မှ တိုင်း(သို့မဟုတ်)ပြည်နယ်များသို့ လာရောက်ပါက Quarantine ဝင်ကာ ဓါတ်ခွဲစစ်ဆေးမှု ခံယူရမည်ကြောင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။
crd-Myanma Platform #Myanmar_Online_News #လားရှိုးခရီးစဉ်
>>zawgyi<<
နိုင်ငံတော်၏အတိုင်ပင်ခံရဲ့ လားရှိုးခရီးစဉ် ဆိုင်းငံ့
Thursday, August 27, 2020
Covid-19 ကူးစပ်မှုမြန်ဆန်လာသောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခုံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်ဆိုင်းငံ့ထားကြောင်း သိရသည်။
“အဓိကတော့ Covid ကြောင့်လို့ယူဆရပါတယ်။ အခုဟာက ရက်ရွေ့တာမျိုးလည်း သူကမပြောဘူး။ သွားမယ့်ရက်ကို မသွားဖြစ်တာပဲရှိတာ။ အပြင်မှာတော့ Covid ကို ဒုတိယလှိုင်းလို့ သုံးနေကြပေမယ့် သူကတော့ ဒုတိယလှိုင်းလို့မသုံးသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနကလည်း မသုံးသေးဘူး။ အဓိကတော့ ကူးစပ်မှုမြန်ဆန်တာကြောင့် ဆိုင်းငံ့တယ်လို့ထင်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
Covid ကူးစပ်မှုမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာထိ ရာချီးကူးစပ်မှုကြောင့် ကူးစပ်မှု မြင့်တက်နေပြီး ရခိုင်ပြည်နယ်တွင်လည်း တင်းတင်းကြပ်ကြပ်စောင့်ရှောက်ကုသနေရကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် လားရှိုးသို့သွားရောက်ရန် ရှိသော်လည်း ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် Covid ကို ကူးစပ်မှုမြန်ဆန်လာသောကြောင့် စစ်တွေမြို့မှ တိုင်း(သို့မဟုတ်)ပြည်နယ်များသို့ လာရောက်ပါက Quarantine ဝင်ကာ ဓါတ်ခွဲစစ်ဆေးမှု ခံယူရမည်ကြောင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။
0 comments:
Post a Comment