HIV ကာကွယ်ဆေး PrEP ကို ဦးတည်အုပ်စုတွေသာသောက်သုံးသင့်တယ်လို့ HIV/AIDS နဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်း လုပ်ကိုင်နေတဲ့ Marie Stopes International Myanmar ရဲ့ Country Director ဒေါက်တာစစ်နိုင်က ကို ပြောပါတယ်။
HIV ကူးစက်နိုင်ခြေများသူတွေဖြစ်တဲ့ မူးယစ်ဆေးကို အပ်ထိုးသုံးစွဲသူတွေ၊ လိင်လုပ်သားတွေနဲ့ လိင်တူချင်း ချစ်ခင်သူတွေအတွက် PrEP ဆေးကို ထုတ်ထားတာလို့ သိရပါတယ်။
“အစိုးရဘက်ကစလုပ်ခဲ့တာ၊ တကယ်တော့ ဝေပေးတာတော့မဟုတ်ဘူး၊ လိုတဲ့လူတွေလာပြီးဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်လိုရတယ်ပြောတာ။ ဘေးထွက်ဆိုးကျိုးကတော့ ထူးထူးခြားခြားမရှိဘူး။ သောက်တာ သေသေချာချာ မသောက်ရင်တော့ သောက်တဲ့ပုံစံမဟုတ်ရင်တော့ ဆေးယဉ်ပါးဖြစ်မှာ ကြောက်ရတာတော့ရှိတယ်။”လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။
PrEP ဆေးကိုတော့ လွန်ခဲ့တဲ့(၅)နှစ်လောက်ကတည်းက နိုင်ငံတကာမှာအသုံးပြုနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ART ပေးနေတဲ့ဆေးခန်း တချို့မှာ PrEP ဆေးပေးနေတာ(၂)နှစ်နီးပါးရှိနေပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
PrEP ဆေးဟာ HIV ပိုး မရှိသူတွေသာ သောက်လို့ရတဲ့ဆေးဖြစ်ပြီး HIV ကူးစက်နိုင်တဲ့ အခြေအနေတွေနဲ့မကြုံခင် ကြိုသောက်ရတာ ဖြစ်ပါတယ်။ အဲဒီဆေးမသောက်ခင် ညွှန်ကြားပေးမယ့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကျန်းမာရေးစစ်ဆေးတာတွေကို စနစ်တကျ အဆင့်ဆင့်ပြုလုပ်ဖို့လိုတယ်လို့ သိရပါတယ်။
crd-O Media #Myanmar_Online_News
>>Zawgyi<<
HIV ကာကွယ်ဆေးကို ရောဂါကူးစက်နိုင်ခြေရှိသူတွေသာ သောက်သုံးသင့်ကြောင်း ဒေါက်တာစစ်နိုင် ဆို
Tuesday, August 4, 2020
HIV ကာကွယ်ဆေး PrEP ကို ဦးတည်အုပ်စုတွေသာသောက်သုံးသင့်တယ်လို့ HIV/AIDS နဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်း လုပ်ကိုင်နေတဲ့ Marie Stopes International Myanmar ရဲ့ Country Director ဒေါက်တာစစ်နိုင်က ကို ပြောပါတယ်။
HIV ကူးစက်နိုင်ခြေများသူတွေဖြစ်တဲ့ မူးယစ်ဆေးကို အပ်ထိုးသုံးစွဲသူတွေ၊ လိင်လုပ်သားတွေနဲ့ လိင်တူချင်း ချစ်ခင်သူတွေအတွက် PrEP ဆေးကို ထုတ်ထားတာလို့ သိရပါတယ်။
“အစိုးရဘက်ကစလုပ်ခဲ့တာ၊ တကယ်တော့ ဝေပေးတာတော့မဟုတ်ဘူး၊ လိုတဲ့လူတွေလာပြီးဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်လိုရတယ်ပြောတာ။ ဘေးထွက်ဆိုးကျိုးကတော့ ထူးထူးခြားခြားမရှိဘူး။ သောက်တာ သေသေချာချာ မသောက်ရင်တော့ သောက်တဲ့ပုံစံမဟုတ်ရင်တော့ ဆေးယဉ်ပါးဖြစ်မှာ ကြောက်ရတာတော့ရှိတယ်။”လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။
PrEP ဆေးကိုတော့ လွန်ခဲ့တဲ့(၅)နှစ်လောက်ကတည်းက နိုင်ငံတကာမှာအသုံးပြုနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ART ပေးနေတဲ့ဆေးခန်း တချို့မှာ PrEP ဆေးပေးနေတာ(၂)နှစ်နီးပါးရှိနေပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
PrEP ဆေးဟာ HIV ပိုး မရှိသူတွေသာ သောက်လို့ရတဲ့ဆေးဖြစ်ပြီး HIV ကူးစက်နိုင်တဲ့ အခြေအနေတွေနဲ့မကြုံခင် ကြိုသောက်ရတာ ဖြစ်ပါတယ်။ အဲဒီဆေးမသောက်ခင် ညွှန်ကြားပေးမယ့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကျန်းမာရေးစစ်ဆေးတာတွေကို စနစ်တကျ အဆင့်ဆင့်ပြုလုပ်ဖို့လိုတယ်လို့ သိရပါတယ်။
crd-O Media #Myanmar_Online_News
0 comments:
Post a Comment