Wednesday, July 1, 2015

ဗီဒီယို အကြိုခံစားခြင်း- ခွကျတဲ့ မမ



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ မောင်လေးမမ ဟာသ ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

အပျိုကြီးအေးပြည့်က မနက်ဆိုရင် အသံကျယ်ကြီးနဲ့ ဘုရားရှိခိုး လေ့ရှိပါတယ်။ သူ့အသံ ဘယ်လောက်ကျယ်သလဲဆိုရင် သူ့အဖေနဲ့အမေတောင် အိပ်မရလို့စိတ် ညစ်နေရတဲ့အထိပါပဲ။ အဲဒီအပြင် အပျိုကြီးဆိုတဲ့အတိုင်း ဇီဇာကြောင်ပါတယ်။ မနက်တိုင်း သူဝယ်နေကျ ပဲပြုတ်ကိုတောင် နူး၊ မနူး အမြဲဝေဖန်တတ်ပြီး အဆစ်လည်း လိုတာထက်ပိုပြီးတောင်းလေ့ရှိပါတယ်။ နောက်ပြီး သူ့အ မေနဲ့အဖေကိုလည်း နေရာတိုင်း လိုက်ပြီးပြောလေ့ရှိပါတယ်။ သူ့အဖေကတော့ သူ့သမီးကို ယောက်ျားပေးစားချင်နေပါတယ်။ ထူးထူးကျော်ကတော့ အိမ်မှာ ပေါ့ပေါ့နေပေါ့ပေါ့စားပါ။ အဝေးသင်တက္ကသိုလ်နဲ့ ကျောင်းပြီးပြီး အလုပ်မရှိအကိုင်မရှိပါ။ ဒါပေမဲ့ ရည်းစားတစ်ယောက်တော့ ရှိတယ်။ ရည်းစားတွေပေမယ့် ထူးထူးကတော့ ပေါ့ပေါ့ပဲထားပါတယ်။ ကောင်မလေးရဲ့ မိဘတွေဘက်ကလည်း ထူးထူးကို သဘောမတူပါဘူး။

တစ်ရက်မှာတော့ ထူးထူးကျော်နဲ့ အပျိုကြီးမမ တွေ့ခဲ့ပါတယ်။ စတွေ့ပုံကလည်း ဘုဘောက်ပါ။ ထူးထူးကျော်ကန်လိုက်တဲ့ ဘူးခွံတစ်ခုက အပျိုကြီး မမကို မှန်သွားပါတယ်။ အဲဒါကြောင့် ပျာပျာသလဲ သွားတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်းပန်လိုက်တာမှ ပိုဆိုးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးထူးကျော်က အပျိုကြီးကို မမလို့ မခေါ်ဘဲ အန်တီလို့ခေါ်ခဲ့ပါတယ်။

အန်တီလို့ ခေါ်လိုက်တာကြောင့် အပျိုကြီးမမက ဆွေ့ဆွေ့ခုန်သွားပါတယ်။ အဲဒါကြောင့်ထူးထူးကျော်က ထပ်ပြီးတောင်းပန်တဲ့အနေနဲ့ မမလို့ခေါ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အပျို ကြီးမမကို ထူးထူးကျော်စိတ်ဝင် စားခဲ့ပါတယ်။ အဲဒါကြောင့်အပျို ကြီးမမရုံးသွားတဲ့နောက်ကိုလိုက် သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထူးထူးကျော်ရဲ့ရည်းစားနဲ့ပြဿ နာတစ်ခုတက်ခဲ့ပါတယ်။ ပြဿ နာတက်ခဲ့တာကြောင့် ညဘက် ကောင်မလေးအိမ်ကိုသွားပွဲကြမ်း တာနဲ့ ကောင်မလေးအဖေက သူ ခိုးလို့အော်ခဲ့ပါတယ်။

အဲဒီမှာပဲ ထူးထူးကျော်ထွက် ပြေးရင်းနဲ့ အပျိုကြီးအေးပြည့် ရေချိုးပြီးထွက်လာတဲ့အခန်းကို ရောက်သွားခဲ့ပါတယ်။ အဲဒါကို အပျိုကြီးရဲ့အဖေက မြင်ပြီး သူတို့ နှစ်ယောက်ကို ပေးစားဖို့ဖြစ်လာ ခဲ့ပါတယ်။ အပျိုကြီးမမကတော့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ထူးထူး ကျော်ကတော့ မမကိုချစ်နေတာ ကြောင့်ခေါင်းညိတ်ခဲ့ပါတယ်။

ထူးထူးကျော်နဲ့အပျိုကြီးမမ ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မှာ လဲဆိုတာကိုတော့ လာဗင်ဒါ ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ခွကျတဲ့မမ ဆိုတဲ့ဇာတ် လမ်းလေးမှာ ဆက်လက်ရှုစား ပေးပါ။

ဒီဇာတ်ကားလေးမှာ ထူးထူး ကျော်အဖြစ် ဇေရဲထက်နဲ့ အပျို ကြီးမအေးပြည့်အဖြစ် ခိုင်သင်း ကြည်တို့ပါဝင်သရုပ်ဆောင်ထား ပြီး ဒီနိုင်းခရဲ့ ဇာတ်လမ်းဇာတ် ညွှန်းကို ဒါရိုက်တာသြရသက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment