ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများမှ သမိုင်း ပညာရှင်များ ပေးပို့သော အချက် အလက်များကြောင့် မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာမရှိကြောင်း စာအုပ်သည် ပိုမိုအားကောင်းလာပြီး ယင်းအချက်အလက်များ ထပ်မံ ဖြည့်စွက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံတင်ပြမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုက ပြောသည်။
မေလ ၃ ရက်က နေပြည် တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန-၂ တွင် ပြုလုပ် သော (၁၇)ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအခမ်း အနားအပြီး မီဒီယာများ၏ မေး မြန်းမှုကို သူရဦးအောင်ကိုက ပြန် လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း စာအုပ်နှင့် ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်မူ ကြမ်းနှစ်အုပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်းဖြတ်နေသည်။
‘‘ဒီကိစ္စက မြန်မာသမိုင်း ပညာရှင်တွေနဲ့ပဲ ပြုစုမယ်ဆိုရင် ဒါမြန်မာအချင်းချင်း ရေးတာပဲဆို ပြီးတော့မှ ခိုင်မာမှုမှာ နည်းနည်း အားနည်းနိုင်ပါတယ်။ အခုတော့ ဥရောပကရော အရှေ့တောင်အာရှက သမိုင်းပညာရှင်ကြီးများကပါ အချက်အလက်တွေပေးလာတဲ့ အခါမှာ ပိုအားကောင်းခိုင်မာတဲ့ သမိုင်းဖြစ်လာမှာပါ။ ဒါကိုပြီးရင် အတိုင်ပင်ခံကြီးထံကို ဆက်လက် တင်ပြဖို့အတွက်ကို လုပ်နေပါ တယ်’’ ဟု သူရဦးအောင်ကိုက ပြောသည်။
ရိုဟင်ဂျာမရှိကြောင်း စာ အုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထု ပ္ပတ္တိစာအုပ်မူကြမ်းနှစ်အုပ် ကို မြန်မာဘာသာဖြင့် ထုတ်ဝေ မည်ဖြစ်ပြီး စိစစ်ရန်မလိုသည့် အပိုင်းများကို အင်္ဂလိပ်ဘာသာဖြင့် စတင်ရေးသားနေပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
‘‘အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ဘာသာစကားနှစ်မျိုးနဲ့ ရှေ့ဆင့်၊ နောက်ဆင့် ပြီးမြောက်သွားမယ့် သဘောရှိပါတယ်’’ ဟု ၀န်ကြီးကဆက်လက်ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်ကို တစ်ပိုဒ်ချင်း၊ တစ်မျက်နှာချင်းအသေးစိတ်ဖတ်ရှုနေကြောင်းနှင့် လိုအပ်သည့် နေရာများတွင် ကိုယ်တိုင်မှတ်ချက်ရေးနေသည်ဟု သူရဦးအောင်ကိုက ဆိုသည်။
‘‘အတိုင်ပင်ခံကြီးမှာ လုပ် ငန်းတာဝန်များ ကြီးမားများပြား လှတဲ့အတွက်မို့လို့ ကနေ့အထိ တော့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို တည်းဖြတ်တဲ့နေ ရာမှာ တစ်ဝက်လောက်ပဲပြီးသေး တယ်လို့ သိရပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
7Day
0 comments:
Post a Comment