အထက်တန်း ပညာရေးအတွက် စာကြည့်တိုက် များသည် အခြေခံလိုအပ်ချက်ဖြစ် ပြီး နိုင်ငံအတွင်းရှိ ကျေးလက်နေ ပြည်သူအများစုသည် စာကြည့်တိုက်သုံးစွဲရန် လက်လှမ်းမမီ ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အ ဖြစ် ပထမအကြိမ် ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှ စာကြည့်တိုက်မှူးများညီ လာခံဖွင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် မေလ ၃ ရက်က ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဖွင့်အမှာစကား၌ထည့်သွင်းပြောကြားသသည်။
‘‘ပညာရေးဝန်ကြီးဌာနနဲ့ အာရှဖောင်ဒေးရှင်းတို့ရဲ့ကူညီပံ့ ပိုးမှုနဲ့ ကျောင်းစာကြည့်တိုက်တွေ ကို ပြန်လည်အားသစ်လောင်းတဲ့ လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက လုပ် ဆောင်နေပါတယ်’’ ဟု အတိုင် ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြော သည်။
စာဖတ်ခြင်းသည် အောင် မြင်မှုရရန် အခြေခံအကျဆုံးသော အရည်အသွေးများ ပေးစွမ်းနိုင်ပြီး ကလေးများကို ငယ်စဉ်ကတည်း က စာဖတ်သည့် အလေ့အထ လေ့ကျင့်ပျိုးထောင်ပေးသင့်သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားသည်။
‘‘အခြေခံပညာရေးသည် စာ ကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရန် လိုအပ်ရုံသာမက ကျောင်းသူ၊ ကျောင်းသားလေးများ စာပေ၊ လူ မှုရေးသိပ္ပံ၊ သမိုင်းနှင့်လူ့သဘော သဘာဝအကြောင်းများ ချစ်မြတ် နိုးလာစေရေး စာကြည့်တိုက်များ က လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်တယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
ထို့အပြင် စာကြည့်တိုက်များ သည် သတင်းအချက်အလက်နှင့် ပညာရှာမှီးရန် အဓိကနေရာများ အဖြစ် ရောက်ရှိနေပြီဖြစ်ပြီး လူ့ အဖွဲ့အစည်းအတွက် သုတပညာ နှင့် ယဉ်ကျေးမှုကို ဝင်ရောက်ရှာ ဖွေ၍ ရသည့်နေရာအဖြစ် အခြေ ခံကျသော အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
စာကြည့်တိုက်များသည် လူ ထုအသိုက်အဝန်းအတွက် ခိုင်မာ အားကောင်းသည့် အခန်းကဏ္ဍမှ ရပ်တည်ပြီး လူထုကို စာအုပ်စာ ပေနှင့် ဝန်ဆောင်မှုပေးခြင်းသာမ က လူမှုရေးဆိုင်ရာ လှုပ်ရှားမှု အမျိုးမျိုးကို လူထုနှင့်အတူ ကဏ္ဍ ပေါင်းစုံအတွက် ဆောင်ရွက်နေ သော နေရာဌာနအဖြစ် ရပ်တည် ရမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က သတိပေးသည်။
ပညာရေးစနစ်နှင့် စာကြည့် တိုက်များ အံဝင်ခွင်ကျဖြစ်စေရေး Online Library, Digital Library များတည်ဆောက်နိုင်ရန် နိုင်ငံတ ကာ စာကြည့်တိုက်အသင်း၏ အကူအညီရယူမည့်အပြင် နိုင်ငံတော်ကလည်း အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားသည်။
‘‘တက္ကသိုလ်စာကြည့်တိုက် ကြီးတွေ၊ အမျိုးသားစာကြည့် တိုက်တွေက တစ်ကမ္ဘာလုံးပေါ့။ ဥရောပတို့၊ အမေရိကတို့ စသဖြင့်ပေါ့။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသားစာကြည့်တိုက်တွေ၊ တက္ကသိုလ်စာကြည့်တိုက်တွေနဲ့ Online ချိတ်ဆက်မိအောင် လုပ်ပါမယ်။ အဲဒီလိုလုပ်ဖို့အတွက်ကို အခုကျင်းပတဲ့ ညီလာခံက ကြီးမားတဲ့ အထောက်အကူပြုမှာ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။
အရှေ့တောင်အာရှ စာ ကြည့်တိုက်မှူးများ ညီလာခံကို ၁၉၇၀ ပြည့်နှစ်က စတင်၍ ဒေသ တွင်း နိုင်ငံများတွင် ကျင်းပခဲ့ပြီး ၄၈ နှစ်သက်တမ်းရှိပြီဖြစ်သည်။
7Day
0 comments:
Post a Comment