Thursday, May 3, 2018

ဒုရဲမှူးဟောင်း မိုးရန်နိုင် နှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင်ပြော


ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းရန် အမိန့်ပေးခံရကြောင်း ဧပြီ ၂၀ ရက်က တရား ရုံးတွင် ထွက်ဆိုခဲ့သည့်ဒုရဲမှူးဟောင်း မိုးရန်နိုင် အား ထောင်ဒဏ်တစ်နှစ်အမိန့်ချမှတ်ထားရာ အင်းစိန်ထောင်အတွင်း နှိပ်စက်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာ မမှန်ကန်ကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောသည်။

‘‘သူ့ရဲ့အမျိုးသမီးတောင် ဒီ နေ့ ထောင်ဝင်စာသွားတွေ့တယ် လို့ ပြောပါတယ်။ အားလုံးကောင်း ကောင်းမွန်မွန်ပဲလို့ ပြောပါတယ်’’ ဟု လူ့အခွင့်အရေးကော်မရှင်အ ဖွဲ့ဝင် ဦးယုလွင်အောင်က မေလ ၃ ရက်တွင် ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးနှင့်ပတ်သက်၍ ဦးမိုးရန်နိုင် သည် ဒုရဲမှူးရာထူးမှ ထုတ်ပယ် ခံရပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ၁၆(ခ)/၂၂ ဖြင့် ဧပြီ ၂၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင် ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချခံ ထားရသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ဇနီးဒေါ်တူးတူးထံ ဆက်သွယ် မေးမြန်းရာတွင် ၎င်း၏ ခင်ပွန်းကို အင်းစိန်ထောင်တွင် တွေ့ဆုံရာ ကျန်းမာရေးကောင်းမွန်စွာ ရှိ ကြောင်းနှင့် ထိုးနှက်နှိပ်စက်ခံ ထားရသည့် လက္ခဏာမတွေ့ရ ကြောင်း ဆိုသည်။ ၎င်း၏ခင်ပွန်း ကို အင်းစိန်ထောင်တွင်း တွေ့ဆုံ သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ဆိုသည်။ အင်းစိန်ထောင်တွင် နှိပ်စက်ခံရသည်ဆိုသော ကော လာဟလများနှင့် ပတ်သက်၍ ဒေါ်တူးတူးက မှတ်ချက်မပေးလို ကြောင်း ဆိုသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင် အင်းစိန်ထောင်တွင်း နှိပ်စက်ခံရ သဖြင့် ထောင်တွင်းဆေးရုံတင် ထားရကြောင်း လူမှုကွန်ရက်တွင် လူသိများသူအချို့က မေလ ၃ ရက်၌ ရေးသားတင်ထားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်း ကပ်စည်းရုံးပြီး အရေးကြီးလုံခြုံ ရေးစာတမ်းအထောက်အထား များကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူခဲ့သည်ဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက်ကိုဝလုံးနှင့် ကို ကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော ဒုရဲမှူး မိုးရန်နိုင် နှင့် တပ်ကြပ် ခင်မောင်လင်း စုစု ပေါင်းလေးဦးကို အစိုးရက လျှို့ ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးခဲ့သည်။

လူ့အခွင့်အရေးကော်မရှင် က ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ အခြေခံလူ့အခွင့်အရေးကို ထိခိုက် မှုမရှိစေရေး လိုအပ်သလို ဆောင် ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန သို့ ဧပြီအတွင်း စာပို့အကြောင်း ကြားသည်။

7Day


0 comments:

Post a Comment