တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံခံရမှု တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကို မေလ ၂၅ရက်တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဟု စွပ်စွဲခံရသူ၏ မိ သားစုဝင်တစ်ဦးကပြောသည်။
‘‘အဲဒီနေ့တစ်ခါတည်းအမိန့် ချ၊မချတော့မသိဘူး။ တိုင်းတရား လွှတ်တော်မှာ လျှောက်လဲချက် ကြားနာမှာတော့သေချာတယ်’’ဟု ၎င်းကမေလ ၃ရက်၌ပြောသည်။
မြောက်ပိုင်းခရိုင် တရားရုံး က စွဲချက်တင်ထားသည့်ပုဒ်မများ အပေါ် တိုင်းတရားရုံးသို့တက်ခဲ့ သည့် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လျှောက်လဲချက် ကြားနာတော့ မည်ဟု စွပ်စွဲခံရသူ၏မိသားစုဝင် တစ်ဦးကပြောသော်လည်း တရား လို ရှေ့နေဦးရောဘတ်စန်းအောင် က အမှုခေါ်စာရင်းမထွက်သေး သဖြင့် ၎င်းတို့မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
စွဲချက်တင်ပုဒ်မများနှင့်ပတ် သက်ပြီး စွပ်စွဲခံရသူများဘက်မှ တိုင်းတရားလွှတ်တော်သို့ ပြင် ဆင်မှုလျှောက်ထားခဲ့သည့်အပြင် တရားလိုဘက်မှလည်း ၂၀၁၄ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အရ စွဲချက်တင်သင့်ကြောင်းတိုင်း တရားရုံးသို့ပြင်ဆင်မှု လျှောက် ထားခဲ့သည်မှာ တစ်လခွဲခန့်ကြာ မြင့်နေပြီဖြစ်သည်။
လုပ်ကြံမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် လူသတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံးက သေဒဏ် ထိုက်စေသည့် ပုဒ်များဖြင့်စွဲချက် တင်ခဲ့ပြီး အောင်ဝင်းထွန်းကို ပုဒ် မ ၂၁၂ ဖြင့် စွဲချက်တင်ခဲ့သည့်အ ပေါ် မတ်လ ၁၉ရက်က ကြည် လင်း၊ အောင်ဝင်းဇော်နှင့် အောင် ၀င်းထွန်းတို့က တိုင်းတရားရုံးသို့ ရာဇ၀တ်ပြင်ဆင်မှု တက်ခဲ့သည်။
အလားတူ ဇေယျာဖြိုးက လည်း စွဲချက်တင်ပုဒ်မနှင့်ပတ် သက်ပြီး တိုင်းတရားရုံးသို့ ပြင် ဆင်မှုလျှောက်ထားပြီး တိုင်း တရားရုံးက လက်ခံခဲ့သည်။ကြည်လင်းနှင့် အောင်ဝင်းဇော်တို့က လည်း မြောက်ပိုင်းခရိုင်တရားရုံး တွင် စွဲချက်တင်ထားခဲ့သည့်လက်နက် ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ) နှင့်ပတ်သက်ပြီး တိုင်းတရားလွှတ် တော်သို့ ပြင်ဆင်မှု လျှောက်ခဲ့ သေးသည်။
ထို့အပြင်အငှားယာဉ်မောင်း ဦးနေ၀င်း၏ ရှေ့နေဦးရောဘတ် စန်းအောင်ကလည်း လုပ်ကြံမှုနှင့် ပတ်သက်ပြီး စွဲချက်အတင်ခံထား ရသူလေးဦးအပြင်ထွက်ပြေးတိမ်း ရှောင်နေသည့် အောင်ဝင်းခိုင်တို့ အပေါ် ၂၀၁၄အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေအရလည်း စွဲချက် တင်သင့်ကြောင်းတိုင်းတရားရုံးသို့ပြင်ဆင်မှုလျှောက်ထားခဲ့သည်။
ဦးကိုနီလုပ်ကြံခံရမှုဖြင့် တ ရားရင်ဆိုင်နေရသည့် ကြည်လင်း ကို လူသတ်မှုပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ အပြင် ၃၀၂(၂)ဖြင့်စွဲချက်တင် ထားဦးပြီး အောင်ဝင်းဇော်နှင့်ဇေ ယျာဖြိုးကို ပုဒ်မ ၃၀၂(၁)(ခ)/၃၄ တို့ဖြင့်စွဲချက်တင်ကာ အောင်ဝင်း ထွန်းကို ပုဒ်မ ၂၁၂ ဖြင့် မြောက် ပိုင်းခရိုင်အထူးခုံရုံးက ဖေဖော်ဝါ ရီ ၉ ရက်၌ စွဲချက်တင်ခဲ့သည်။
သေနတ်သမားကြည်လင်း အပါအ၀င်စွပ်စွဲခံထားရသူ လေး ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် မေလ ၃ ရက်က၅၄ကြိမ်မြောက်ရုံးထုတ်ပြီးမေလ၁၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
7Day
0 comments:
Post a Comment