Sunday, February 3, 2019

AA သည် ဘင်္ဂလီကို ကာကွယ်စောင့်ရှောက်မည့် Army ဟု ဘူးလက်လှဆွေပြော


AA သည် ဘင်္ဂလီကို ကာကွယ်စောင့်ရှောက်မည့် Army ဖြစ်ကြောင်း ဘူးလက်လှဆွေက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားလိုက်သည်။ 
တပ်မတော်၏ လေးလကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာချက်ကို ကြိုဆိုခြင်းနှင့် တိုင်းရင်းသားများမှ ငြိမ်းချမ်းရေး အတွက် ပူးပေါင်းပါဝင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ကျင်းပပြုလုပ်ခဲ့စဉ် ၎င်းက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ 

“ရခိုင်ဟာ ရခိုင်ပဲ အာရကန်မဟုတ်ဘူး၊ အာရကန်လို့ခေါ်တာ ဘင်္ဂလီက ခေါ်တာ။ အဲ့ဒီတော့ AA ဆိုတဲ့ အာရကန် Army ဟာ ရခိုင် Army ဖြစ်နိုင်သလား၊ ဘင်္ဂလီ Army ဖြစ်နိုင်သလား၊ ဘင်္ဂလီကို ကာကွယ်စောင့်ရှောက်မယ့် Army ပဲ အာရကန် Army ဆိုတာ၊ အာရကန်ဆိုတာ ရခိုင်မဟုတ်ဘူး၊ ရခိုင်ဆိုတာမှ ရခိုင်ဘဲ” ဟု ဘူးလက်လှဆွေက ပြောကြားခဲ့သည်။ 

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက် မထုတ်ပြန်ခြင်းသည် အာဆာအဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မဟုတ်သည့်အတွက် ကြေညာချက် မထုတ်ပြန်ခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ 

ထို့အတူ တပ်မတော်မှ အပစ်အခတ် ရပ်စဲထားချိန် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေးစာပွဲသို့ ရွှေလက်နှင့်ခေါ်၍မှ မလာလျှင် အနုမြူဗုံးသာကြဲတော့ဟု ဘူးလက်လှဆွေက ပြောကြားခဲ့သည်။ 

“ဂျပန်ဆိုတဲ့တိုင်းပြည်ဟာ ကျည်ဆန်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဗျာ။ အဲဒီတိုင်းပြည်ကို အနုမြူဗုံးနှစ်လုံး ကြဲလိုက်လို့ အဲဒီတိုင်းပြည် တိုးတက်သွားတာလို့ ဒီနေရာမှာ ပြောချင်တယ်။ ဒါကြောင့်မို့လို့ ပစ်ခက်တိုက်ခက်မှု ရပ်စဲထားတယ်။ ငြိမ်းချမ်းရေး စာပွဲကိုလာပါ။ ငြိမ်းချမ်းရေး စာပွဲပေါ်လာချင်ရင် ရွှေလက်နဲ့ ခေါ်လို့မှမလာရင် ဘူးလက်တော့ မလွတ်တော့ဘူး။ အနုမြူဗုံးသာ ကြဲလိုက်ပါတော့လို့ ပြောရင်းနိဂုံးချုပ်ပါတယ်”ဟု ဘူလက်လှဆွေက ပြောကြားခဲ့သည်။ 


The Ladies News 

0 comments:

Post a Comment