Sunday, February 3, 2019

ဖားကန့်မြို့နယ်အတွင်း ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားတစ်ဦး ဦးခေါင်းတွင် သေနတ်ထိမှန်



ဖားကန့်မြို့နယ် လုံးခင်းအထက်ပိုင်း မဇွပ်ယန်ရွာအနောက်ဘက် တစ်သုံးလုံး ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်း အထူးရဲများမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၃ နှစ်အရွယ် ရေမဆေး ကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး ဦးခေါင်း တွင် သေနတ်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦးက The Ladies သို့ ပြောသည်။ 

“သေနတ်ထိတာက ခေါင်းမှာထိသွားတာ၊ အသက် ၂၃ နှစ် ၀န်းကျင်လောက်ပဲရှိသေးတယ်။ တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်ထဲမှာ ဖြစ်တာ”ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။ 

ဖားကန့်ဒေသတွင် မကြာခဏဆိုသလို ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ၊ တပ်မတော်၊ ရဲတပ်ဖွဲ့ ၊ ရေမဆေးသမား တို့အကြား ပဋိပက္ခဖြစ်ပွားမှုများ ရှိနေပြီး သေနတ်ထိမှန် သေဆုံးမှုများသည်လည်း သာမန် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီ ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ 

The Ladies News 

0 comments:

Post a Comment