Sunday, February 3, 2019

ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ အဖမ်းဆီးခံ ကျောင်းသားများရုံးထုတ်


ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေး ၊ သန့်ရှင်းရေးအတွက် ဝန်ထမ်းများ တိုးမြှင့်ချထားပေးရေး တောင်းဆိုသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှအဖမ်းဆီးခံ ကျောင်းသားများအား ဖေဖော်ဝါရီလ ၄ ရက်နေ့က အမရပူရမြို့နယ်တရားရုံးတွင်ရုံးထတ်ြစစ်ဆေးခဲ့သည် ။ 
ရုံးထုတ်တွင် မီးရှို့မှုနှင့်ပတ်သက်၍ တရားလိုများကို စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ထပ်မံရုံးချိန်းပေးခဲ့သည် ။ 

“တက္ကသိုလ်လုံခြုံရေးနဲ့ ပတ်သက်ပြီးပြောချင်တယ် ။ တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ထားတယ်။ ပြီးတော့ ကျောင်းသားတွေက ကျောင်းထဲမှာ နေရတာမဟုတ်ဘူး ။ ကျောင်းသားတွေ လုံခြုံမှုမရှိဘူး ။ တက္ကသိုလ်တွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူပေးရမယ် ။ခုဆို ကျောင်းသားတွေ သတ်ခံရတာ သုံးမှုရှိနေပြီ ။ ပထမ အသတ်ခံရလို့ သေဆုံးမှုမှာ ပြင်ဆင်လို့ရတယ်။ ဒါကို မပြင်ဆင်ပဲ ထပ်ဖြစ်လာတယ် ။ ဒါ့ကြောင့်ကျောင်းသားတွေ သေဆုံးမှုက အစိုးရမှာ တာဝန်ရှိတယ် ” ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ရဲမင်းထွန်း က ပြောသည် ။ 

ဗကသ ကျောင်းသား မင်းထက်မြတ် ပါ (၃) ဦး နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချပ် ဒေါက်တာဇော်မြင့်မောင် ၊ စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ နယ်လုံဝန်ကြီး ၊ တိုင်းတရားလွှတ်တော်ရှေ့နေချုပ် ၊ ဥပဒေချုပ် ၊ တက္ကသိုလ် (၃) ခုမှ ပါမောက္ခချုပ်များ ပါဝင်ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖမ်းဆီးခံ ကျောင်းသားများနှင့်ပတ်သက်၍ အတက်နိုင်ဆုံးဖြေလျော့ပေးမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည် ။ 

ထိုသို့ ဖြေလျော့ပေးမည်ဖြစ်ကြောင်း ကတိပေးပြောကြားထားသော်လည်လည်း ရုံးချိန်း (၂) ကြိမ်ပြီးသည်အထိ ဖြေလျော့မှုမတွေ့ရသေးကြောင်း ဗကသ ကျောင်းသားများက ပြောသည် ။ 

သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးတောင်းဆိုနေသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လည်းကောင်း ၊ ကိုဘုန်းမြင့်ကျော်ပါ (၄) ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်းကောင်း ဖမ်းဆီးထားခြင်းဖြစ်သည် ။ 

ဖမ်းဆီးခံကျောင်းသားများအား မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး က တရားလိုပြုလုပ်၍ ၄၃၅/၅၀၅(ခ)/၁၁၄ ဖြင့်လည်းကောင်း ၊ ရဲတပ်ဖွဲ့ က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ – ၁၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည် ။ 

နိုင်လင်းဦး
#TheFifthWaveNews 

0 comments:

Post a Comment