Sunday, February 3, 2019

မန္တလေး ကျောက်ဝိုင်းအတွင်း ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော် လိမ်လည်မှုဖြစ်


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်း ငွေကျပ် သိန်းပေါင်း ၉၉၀၀ ကျော် ငွေကြေးလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။ 
ကျောက်ပွဲစားဖြစ်သူ ကိုမျိုးအောင် မှာ ကျောက်စိမ်းရောင်းဝယ်လုပ်ကိုင်သည့် လုပ်ငန်းရှင် (၇) ဦးထံမှ ကျောက်စိမ်းရောင်းချငွေနှင့် ကျောကိစိမ်ပစ္စည်းများကို ပြန်လည်ပေးချေခြင်း မရှိသည့်အတွက် ကျောက်စိမ်းရောင်းဝယ်လုပ်ကိုင်သည့် လုပ်ငန်းရှင် (၇) ဦးက မဟာအောင်မြေ ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ ရုံးခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည် ။ 

ကျောက်စိမ်း အချောထည် ပိုင်ရှင် (၇) ဦး က ကျောက်ပွဲစား ကိုမျိုးအောင် ကို ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းအပွင့်များကို ရောင်းချပေးရန် လွန်ခဲ့သည့် တစ်လခန့်က အပ်နှံခဲ့ပြီး ကျောက်စိမ်းများ ရောင်းရသည့်ငွေ နှင့် အပ်နှံထားသော ကျောက်စိမ်းအချောထည် များကို လာရောက်ပေးချေခြင်းမရှိကြောင်း သိရသည် ။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်စိမ်း အချောထည် ပိုင်ရှင် အချို့မှာ ရာဇသတ်ကြီးပုဒ်မ – ၄၀၆/၄၂၀ တို့ဖြင့် အမှုဖွင့်ထားခြင်းများရှိပြီး ယခုလက်ရှိတွင် ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ က ညှိနှိုင်းမှုများဆောင်ရွက်ပေးနေကြောင်း သိရသည် ။ 

နိုင်လင်းဦး
#TheFifthWaveNews 

0 comments:

Post a Comment