မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်များကျဆုံးခဲ့ရာ ရန်ကုန်မြို့က သမိုင်းဝင် အဆောက်အဦးတခုဖြစ်တဲ့ အတွင်းဝန်များရုံး မှာလာမယ့်သီတင်းပတ်အတွင်း ညဈေးတန်း ဖွင့်လှစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်နေကြပါတယ်။
မြန်မာ နဲ့ အမေရိကန်ပြည်ထောင်စုကြား ချစ်ကြည်ရင်းနှီးမှုအရှိန်မြှင့်တဲ့အနေနဲ့ အဲဒီညဈေးတန်းမှာ Krispy ဒိုးနပ် အပါအဝင် အမေရိကန်အစားအစာ အရောင်းဆိုင်တွေနဲ့ တီးဝိုင်း အစီအစဉ်တွေ ပါဝင်မယ်လို့ နယူးယောက်တိုင်းသတင်းစာက ဖော်ပြပါတယ်။
ဝေဖန်သူတွေကတော့ နေရာအရွေးမှားနေတယ်လို့ဆိုကြပါတယ်။ ဝေဖန်သူတဦးက - စီစဉ်သူတွေအနေနဲ့ အာဇာနည်ကြီးတွေရဲ့ သွေးကိုစီးပွားရေးသမားတွေက အရက်နဲ့ဆေးပစ်နေကြတာကို ကြည့်မြင်ချင်ကြပါသလား၊ မြန်မာ့သမိုင်းဝင်နေရာကို ဘားဆိုင် လုပ်ပစ်မယ်ဆိုတာ ရှက်ဖွယ်လိလိပါ လို့ Facebook လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်ဇေယျကလည်း - သမိုင်းနဲ့ ယဉ်ကျေးမှုအရ တန်ဖိုးရှိတဲ့နေရာကို ငွေကြေးနဲ့ မလဲနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။
ဒီအစီအစဉ်ကို အမေရိကန် စိုက်ပျိုးရေးဌာနက ကမကထပြု စီစဉ်ခဲ့တာလို့သိရပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရသူကတော့ ဒီကိစ္စမှာ အမေရိကန်အစိုးရအနေနဲ့ ငွေကြေးအပါအဝင် တစုံတရာ ပါဝင် ပတ်သက်မှုမရှိကြောင်း၊ မြန်မာ့သမိုင်းမှာ အတွင်ဝန်ရုံးရဲ့ အခန်းကဏ္ဍကို နားလည်ကြောင်း၊ ဒီနေရာကို ဘယ်လိုအသုံးပြုမယ်ဆိုတာ မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ပြောဆိုတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
(ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး)
Photo:AFP News
RFA
0 comments:
Post a Comment