Tuesday, February 5, 2019

တရုတ်နှစ်ကူး ဘန်ကောက် လေထုညစ်ညမ်းမှု မြင့်တက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုဖြစ်နေတဲ့အတွက် အစိုးရကတားမြစ်ထားပေမယ့် တရုတ်နွယ်ဖွားတွေက တရုတ်နှစ်ကူးအထိမ်းအမှတ် အမွှေးတိုင်တွေထွန်းပြီး၊ စက္ကူငွေတွေကို အကြီးအကျယ် မီးရှို့ခဲ့ကြပါတယ်။ 
ဘန်ကောက်မှာ မနေ့ကစတင်တဲ့ တရုတ်နှစ်ကူးပွဲမှာ လေမသန့်တဲ့အတွက် အများစုကနှာခေါင်းစည်းတွေဝတ်ပြီး ဘိုးဘွားတွေရဲ့အုတ်ဂူတွေကိုသွားပြီးအမွှေးတိုင်တွေ ထွန်းခဲ့ကြပါတယ်။ ဒါဟာရိုးရာအစဉ်အလာဖြစ်ပြီး ဖျက်လို့မရဘူးလို့လည်း ပြောပါတယ်။ 

ဘန်ကောက်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေပြီး အင်္ဂါနေ့က ဘန်ကောက်လေထုသန့်ရှင်းမှု ညွှန်းကိန်းဟာ ၁၁ဝ ရှိတယ်လို့လေထုညစ်ညမ်းမှု စောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်။ 

ဘန်ကောက်မြို့ရှိ တရုတ်နှစ်ကူးမြင်ကွင်း။ 
Photo: AFP
RFA

0 comments:

Post a Comment