Tuesday, February 5, 2019

“ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည်


“ ရခိုင်အရေးသည့်ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့ ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ အမှတ် (၂၃၀)၊ ရှရီရာမခရစ်ရှနခန်းမတွင် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ 
ဦးဆောင်ဆွေးနွေးကြမည့်သူများမှာ ဦးဦးလှမြင့် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးစိုင်းညွှန့်လွှင်- အတွင်းရေးမှူးများအဖွဲ့ဝင် ( UNA)၊ ဦးကြီးမြင့် (ဥပဒေပညာရှင်)နှင့် ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးသုတေသီ) တို့ ဖြစ်ကြသည်။ 

ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁ နာရီမှ စတင်ပြီး ၅ နာရီ အချိန်ထိ ပြုလုပ်သွားမည် ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။ 

Narinjara

0 comments:

Post a Comment