Sunday, February 3, 2019

၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လအတွင်း အခွန်ကျပ် ဘီလျံ ၃၄၀၀ ကျော်ရရှိခဲ့ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက အခွန်ငါးမျိုးကောက်ခံမှုမှ ကျပ် ၂၅၅၆ ဘီလျံအထိ ရရှိသော်လည်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ထမ်းဆောင်သူ ရှစ်သိန်းခွဲကျော်သာရှိကြောင်း သိရ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအတွင်း ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်၊ အကောက်ခွန်နှင့်နိုင်ငံတော်ပိုင်ပစ္စည်းများ အသုံးပြုသည့်အပေါ် ကောက်ခံသည့်အခွန်အကောက်များမှ ကျပ်ဘီလျံ ၃၄၀၀ (သန်းပေါင်း ၃၄၂၄၁၅၄ ဒသမ ၇၉၆) ကျော် ရရှိပြီး ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ငါးမျိုးကောက်ခံမှုမှ ကျပ် ၂၅၅၆ ဘီလျံကျော်အထိ ရရှိသော်လည်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်ထမ်း ဆောင်သူအရေအတွက်မှာ ရှစ်သိန်းခွဲကျော် (၈၅၇၂၁၃) သာ ရှိကြောင်း သိရသည်။ 
၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အခွန်ရငွေစာရင်းတွင် ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်များမှ ကျပ်သန်းပေါင်း ၁၇၂၂၉၈၉ ဒသမ ၃၄၉ ကောက်ခံရရှိခဲ့သည်။ အဆိုပါကောက်ခံရရှိမှုတွင် ယစ်မျိုးခွန်မှ ကျပ်သန်းပေါင်း ၅၇၅ ဒသမ ၃၃၅၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်းပေါင်း ၉၂၀၆၁၈ ဒသမ ၁၃၆၊ သွင်းကုန်အတွက် လိုင်စင်ခများမှ ကျပ်သန်းပေါင်း ၂၂၈၃ ဒသမ ၈၁၄၊ မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆုမှ ကျပ်သန်းပေါင်း ၅၀၂၂၂ ဒသမ ၇၉၀၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများမှ ကျပ်သန်းပေါင်း ၁၁၃၉၂၅ ဒသမ ၀၁၆၊ တံဆိပ်ခေါင်းခွန်မှ ကျပ်သန်းပေါင်း ၂၉၃၃၆ ဒသမ ၉၁၁၊ မုတ်ကောင်ဝတ်ဆံသွင်းအခွန်မှ ကျပ်သန်းပေါင်း ၆၂၄ ဒသမ ၅၇၈၊ ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင် စင်၊ ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များအတွက် လိုင်စင်ကြေးများမှ ကျပ်သန်းပေါင်း ၄၇၈ ဒသမ ၅၃၅၊ အထူးကုန်စည်ခွန်မှ ကျပ်သန်းပေါင်း ၆၀၄၉၂၄ ဒသမ ၂၃၄ ကောက်ခံရရှိခဲ့သည်။ 

ထို့ပြင် ဝင်ငွေနှင့်ပိုင်ဆိုင်မှုပေါ်တွင် ကောက်ခံသည့်အခွန်အကောက်တွင် ဝင်ငွေခွန်မှ ကျပ်သန်းပေါင်း ၉၅၁၀၀၀ ဒသမ ၁၈၄၊ အကောက်ခွန်မှ ကျပ်သန်းပေါင်း ၂၆၅၆၉၇ ဒသမ ၂၁၅ ကောက်ခံရရှိခဲ့ပြီး နိုင်ငံတော်ပိုင်ပစ္စည်းများ အသုံးပြုသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်အနေဖြင့် မြေယာပေါ်တွင် ကောက်ခံသည့် ခွန်မှ ကျပ်သန်းပေါင်း ၆ ဒသမ ၄၆၅၊ ရေခွန်မှ ကျပ်သန်းပေါင်း ၄၀ ဒသမ ၄၅၇၊ တာတမံခွန်မှ ကျပ်သန်းပေါင်း ၀ ဒသမ ၀၂၅၊ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်မှ ကျပ်သန်းပေါင်း ၂၂၁၃ ဒသမ ၆၁၉၊ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်း တွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)မှ ကျပ်သန်းပေါင်း ၃၀ ဒသမ ၅၁၂၊ ငါးလုပ်ငန်းဆိုင်ရာအခွန်အခမှ ကျပ်သန်းပေါင်း ၂၈၂၃ ဒသမ ၃၈၉၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် ကျပ်သန်းပေါင်း ၂၁၈၁၃၉ ဒသမ ၃၇၇၊ ဓာတ်သတ္တုခွန်နှင့် ရတနာခွန်မှ ကျပ်သန်းပေါင်း ၁၃၂၃၁ ဒသမ ၈၄၈၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခမှ ကျပ်သန်းပေါင်း ၂၄၁၉၆၅ ဒသမ ၆၃၂၊ ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့်ဓာတ်အားခမှ ကျပ်သန်းပေါင်း ၅၅၈၃ ဒသမ ၂၈၂၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရရှိသည့်အခွန်မှ ကျပ်သန်းပေါင်း ၄၃၂ ဒသမ ၄၄၂ ရှိခဲ့သည်။ 

အဆိုပါအခွန်များ ရရှိမှုတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် တံဆိပ်ခေါင်းရငွေ စသည့်အခွန်ငါးမျိုး ကောက်ခံနေခြင်းဖြစ်ပြီး ၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လတွင် ကျပ် ၂၅၅၆ ဘီလျံကျော်အထိ ရရှိခဲ့သော်လည်း အခွန်ထမ်းဆောင်သူ အရေအတွက်မှာ ရှစ်သိန်းခွဲကျော်သာရှိပြီး ကုန်သွယ်လုပ်ငန်းခွန်တွင် ၁၉၉၀၂၀ ၊ အထူး ကုန်စည်ခွန်တွင် ၄၆၂၁ ဦးနှင့် ဝင်ငွေခွန်တွင် ၆၅၃၅၇၂ ဦးသာရှိခဲ့သည်။ 

အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဂျီဒီပီတွင် အခွန်ရငွေပါဝင်မှုအနိမ့်ဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးမှာ ကျဆင်းမှုဖြစ်ပေါ်နေကြောင်း သိရသည်။ 


Eleven Media Group


0 comments:

Post a Comment