ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ကိုယ်စားလှယ်က မေးခွန်းထုတ်လိုက်သည်။
အဆိုရှင် ဦးအောင်ကြည်ညွန့်၏ အဆိုသည် အရေးကြီးအဆိုဟုဆိုထားပြီး လွှတ်တော်လုပ်ထုံးလုပ်နည်းများအရ အရေးကြီးအဆိုသည် လတ်တလောဖြစ်ပွားသည့်ကိစ္စရပ်ဖြစ်ရမည်ဖြစ်သလို အများပြည်သူနှင့် သက်ဆိုင်၍ လွှတ်တော်က ကိုင်တွယ်ဆုံးဖြတ်ရမည့်ကိစ္စလည်း ဖြစ်ရမည်။
သို့သော် ယခု အခြေခံဥပဒေပြင်ဆင်ရေးသည် လတ်တလောဖြစ်ပွားသည့်ကိစ္စလည်းမဟုတ်၊ အများပြည်သူနှင့်သက်ဆိုင်သည်လည်းဟုတ်သော်လည်း NLD အနေနှင့် ပြီးခဲ့သည့်သုံးနှစ်လုံးလုံးပြင်ဆင်ရန်မလုပ်ဆောင်ဘဲ မည်သည့်အတွက်ကြောင့် ယခုမှ အရေးကြီးရသနည်းဟု ရှမ်းပြည်နယ်၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါအရေးကြီးအဆိုနှင့်ပတ်သက်၍ ယနေ့ လွှတ်တော်တွင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။
အဆိုသည် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ရန်ဖြစ်ပြီး အကယ်၍ သမ္မတ ဦးသိန်းစိန်လက်ထက်၊ ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဆောင်ရွက်ခဲ့သည့် အခြေခံဥပဒေနှင့်ပတ်သက်၍ လေ့လာသုံးသပ်သည့်ကော်မတီကဲ့သို့သော ကော်မတီဆိုလျှင် ထောက်ခံမည်ဖြစ်သော်လည်း ယခုကိစ္စကိုမူ ကန့်ကွက်ကြောင်း ဦးတင်အေးက ဆွေးနွေးခဲ့သည်။
The Voice Journal
0 comments:
Post a Comment