Tuesday, February 5, 2019

တိုက်ပွဲများအမြန်ဆုံးရပ်ပေးရန်တိုက်တွန်းသည့်အဆို ရခိုင်လွှတ်တော်တွင် တင်မည်ဟုဆို


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများအား အမြန်ဆုံးရပ်ဆိုင်ပေးရန်တိုက်တွန်းသည့်အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
၎င်းအဆိုနှင့်အတူ ရခိုင်ရှိ စစ်ဘေးရှောင်များအား အစိုးရက ကူညီထောက်ပံ့မှုနည်းနေသည့်အတွက် ကူညီထောက်ပံ့မှုများ ထပ်မံလုပ်ပေးရန်တိုက်တွန်းသည့်အဆိုကိုပါ တင်သွင်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။ 

"လွှတ်တော်ကတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လုပ်မှာပါ။ အဲဒီမှာ ဘာပါမလဲဆိုတော့ စစ်ဘေးရှောင်တွေကို အစိုးရကနေပြီးတော့ ကူညီထောက်ပံ့မှုတွေနည်းနေတဲ့အတွက် ဒီထက်ပိုပြီးတော့ များများပေးဖို့အတွက် အဆိုတင်မယ်။ နောက်တစ်ချက်က နှစ်ဘက်ဖြစ်ပွားနေတဲ့တိုက်ပွဲကိုလည်း အမြန်ဆုံးရပ်ဆိုင်းဖို့အဆိုတွေလည်း ပါပါလိမ့်မယ်.ဟု ၄င်းက ပြောသည်။ 

ရခိုင်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် စစ်ဘေးရှောင်များတိုးပွားလာသလို တိုက်ပွဲဖြစ်ပွားရာဒေသများတွင်လည်း ပြည်သူများစိုးရိမ်ကြောင့်ကြနေကြရကြောင်း သိရသည်။ 

ရခိုင်ရှိ မြို့နယ် လေးမြို့နယ်တွင် AA အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံ ၆ ထောင်ကျော်သည် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျက်ရှိပြီး ၄င်းတို့အတွက် ရခိုင်ပြည်နယ်အစိုးရနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီအချို့သာလုပ်ထားသေးသည်။ 

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် သန့်ရှင်းသည့်သောက်သုံးရေတို့လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။ 

#CentralNewsMyanmar 
#RakhineNews


0 comments:

Post a Comment